မြန်မာဖရဲ ၊ သခွားမွှေးပွဲတော် ကျင်းပသွားမည်

ယခုလကုန်မှာ မြန်မာဖရဲ ၊ သခွားမွှေးပွဲတော်ကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
ပြည်တွင်းမှာဖရဲ ၊ သခွားရာသ ီပေါ်ချိန်ဖြစ်နေတဲ့အတွက် စားသုံးမှုမြှင့်တင်စေရန် ရည်ရွယ်ကာ ပွဲတော်ကို ကျင်းပသွားတာဖြစ်တယ်လို့ မြန် မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း ချသူများအသင်းမှ ဒုတိယဥက္ကဌ ဦးဆန်းလင်းက ပြောပါတယ်။
“အခုလက်ရှိမှာလည်း ဖရဲ ၊ သခွားတွေ အမြောက်အမြားထွက်ပေါ်နေတယ်။ပြည်ပကို တင်ပို့မှုက လည်း တော်တော်ကျသွားတယ်။အဲဒီအတွက် အသင်းအဖွဲ့တွေတိုင်ပင်ပြီး ဆွေးနွေးလုပ်ဆောင် ရာကနေ ဒီပွဲတော်လေးကိုလုပ်ဖြစ်သွားတာပါ”
မြန်မာဖရဲ ၊ သခွားမွှေးပွဲတော်ကို ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့မှ မတ်လ(၄)ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ကြောင်းအဆိုပါအသင်းမှသိရပါတယ်။
အဆိုပါပွဲတော်မှာ ဖရဲနဲ့သခွားမွှေးအမျိုးအစားများပြခန်း ၊ သစ်သီးအလှဆင် ပုံဖော်ပြိုင်ပွဲများ ၊ အချိုပွဲ ပြိုင်ပွဲများ ၊ ဟင်းပွဲများ ချက်ပြုတ်ပြသခြင်းနဲ့ မြည်းစမ်းခြင်း ၊ ဖရဲနှင့်သခွားမွှေးစည်ဘီယာ ကော့တေးလ် ဖျော်ရည်အမျိုးမျိုး ၊ ဖျော်ဖြေရေးအစီအစဉ်များ ၊ ပညာပေးဆိုင်ရာအစီအစဉ်များ ၊ စီးပွား ရေးဆိုင်ရာ ချိတ်ဆက်ပေးမှု အစီအစဉ်များ နဲ့ အခြားပြခန်းများပါဝင်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံဖ ရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

ျမန္မာဖရဲ ၊ သခြားေမႊးပြဲေတာ္ က်င္းပသြားမည္
ယခုလကုန္မွာ ျမန္မာဖရဲ ၊ သခြားေမႊးပြဲေတာ္က်င္းပသြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဖရဲ ၊ သခြားစိုက္ ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။
ျပည္တြင္းမွာဖရဲ ၊ သခြားရာသ ီေပၚခ်ိန္ျဖစ္ေနတဲ့အတြက္ စားသံုးမႈျမွင့္တင္ေစရန္ ရည္ရြယ္ကာ ပြဲေတာ္ကို က်င္းပသြားတာျဖစ္တယ္လို႕ ျမန္ မာႏိုင္ငံဖရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္း ခ်သူမ်ားအသင္းမွ ဒုတိယဥကၠဌ ဦးဆန္းလင္းက ေျပာပါတယ္။
“အခုလက္ရွိမွာလည္း ဖရဲ ၊ သခြားေတြ အေျမာက္အျမားထြက္ေပၚေနတယ္။ျပည္ပကို တင္ပို႕မႈက လည္း ေတာ္ေတာ္က်သြားတယ္။အဲဒီအတြက္ အသင္းအဖြဲ႕ေတြတိုင္ပင္ၿပီး ေဆြးေႏြးလုပ္ေဆာင္ ရာကေန ဒီပြဲေတာ္ေလးကိုလုပ္ျဖစ္သြားတာပါ”
ျမန္မာဖရဲ ၊ သခြားေမႊးပြဲေတာ္ကို ၂၀၂၀ခုႏွစ္ ေဖေဖၚဝါရီလ (၂၉)ရက္ေန႕မွ မတ္လ(၄)ရက္ေန႕ထိ က်င္းပသြားမွာျဖစ္ေၾကာင္းအဆိုပါအသင္းမွသိရပါတယ္။
အဆိုပါပြဲေတာ္မွာ ဖရဲနဲ႕သခြားေမႊးအမ်ိဳးအစားမ်ားျပခန္း ၊ သစ္သီးအလွဆင္ ပံုေဖာ္ၿပိဳင္ပြဲမ်ား ၊ အခ်ိဳပြဲ ၿပိဳင္ပြဲမ်ား ၊ ဟင္းပြဲမ်ား ခ်က္ျပဳတ္ျပသျခင္းနဲ႕ ျမည္းစမ္းျခင္း ၊ ဖရဲႏွင့္သခြားေမႊးစည္ဘီယာ ေကာ့ေတးလ္ ေဖ်ာ္ရည္အမ်ိဳးမ်ိဳး ၊ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ၊ ပညာေပးဆိုင္ရာအစီအစဥ္မ်ား ၊ စီးပြား ေရးဆိုင္ရာ ခ်ိတ္ဆက္ေပးမႈ အစီအစဥ္မ်ား နဲ႕ အျခားျပခန္းမ်ားပါဝင္သြားမွာျဖစ္ေၾကာင္းျမန္မာႏိုင္ငံဖ ရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *