မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများကိုစတင်တင်ပို့

မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများကို စတင်တင်ပို့နေပြီဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်း ပ ညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
အခုလက်ရှိမှာ မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့တရုတ်ကို ပြန်လည်စတင်တင်ပို့နေပြီ ဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
“အခုကတော့ ပြန်ပြီးတော့ တင်ပို့နေပြီပေါ့။ ထိုင်းလည်းသွားတယ်၊တရုတ်လည်းသွားနေပါတယ်။ လမ်းကြောင်းအခြေအနေလေးပြန်ကောင်းတော့ အဆင်ပြေသလောက် ထိုင်းဘက်ကိုတင်ပို့နေရ တာပေါ့”
မြန်မာ့ငရုတ်ကို ထိုင်း ၊ တရုတ်အပြင် အခုလကုန်မှာလည်း မလေးရှားနိုင်ငံကိုတင်ပို့တော့မှာဖြစ် ကြောင်းအဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်ကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်တဲ့ကျောက်ဆည်နဲ့ မြန်မာနိုင်ငံအောက်ပိုင်း ဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက် နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။






Leave a Reply

Your email address will not be published. Required fields are marked *