BREAKING NEWS

မြန်မာ့ငရုတ်သီးကို မလေးရှားကိုပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်

မြန်မာ့ငရုတ်သီးကို မလေးရှားနိုင်ငံကို ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
အခုလကုန်မှာ မလေးရှားကိုမြန်မာ့ငရုတ်သီးကို တင်ပို့နိုင်ရန် အတွက်စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မြန်မာ့ငရုတ် သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာ ကျော်ကပြောပါတယ်။
“ဒီလကုန်မှာတော့ မလေးရှားကိုဖောက်ဖို့အတွက်လုပ်သွားမယ်။အခုချိန်ကတော့ တင်ပို့ဖို့အဆင်မ ပြေသေးဘူးပေါ့။မလေးကလည်း ငရုတ်သီးကိုတော်တော်သုံးတာဆိုတော့ တင်ပို့ဖို့အတွက်စီစဉ် ဆောင်ရွက်သွားမှာပါ”
မြန်မာ့ငရုတ်သီးကို ထိုင်းနဲ့တရုတ်ကိုအဓိကတင်ပို့နေတာဖြစ်ပြီး တရုတ်မှာဖြစ်ပေါ်နေတဲ့အရေး ပေါ်ကျန်းမာရေးအခြေအနေကြောင့် ကုန်သွယ်မှုမှာ ခက်ခဲမှုများရှိနေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ငရုတ်ကိုဧရာဝတီတီုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းတို့မှာ အများဆုံးစိုက်ပျိုးလျက်ရှိ ကြောင်း မြန်မာငရုတ်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။






Leave a Reply

Your email address will not be published. Required fields are marked *