BREAKING NEWS

သရက်ကိုင်းထိုးပိုးကျရောက်ပုံ နဲ့ ကာကွယ်နှိမ်နင်းနည်းများ

ကျရောက်သည့်အပင်

သရက်၊ သီဟိုဠ် သရက်

ဖျက်ဆီးပုံလက္ခဏာ

အမသည် သစ်ကိုင်းများပေါ်တွင် ဥများအုပြီး လောက်ကောင်သည် အကိုင်း၊ ပင်စည်များတွင် ၀င်ရောက်စားသောက်သဖြင့် အရွက်များ၊ အကိုင်းများ ခြောက်ကုန်၏။ အရွယ်ရောက် အကောင်ကြီးများသည် ညနေချိန်မှ ထွက်၍ မိတ်လိုက်သည်။ လောက်ကောင်များသည် အကိုင်းများအတွင်းတွင် နေထိုင်စားသောက်ပြီး ရုပ်ဖုံးပြုလုပ်သည်။ (၁၀) လခန့်ကြာနိုင်သည်။ ထို့နောက် အကောင်ကြီးပေါက်ပြီး သစ်ကိုင်းကို ထိုးဖောက်ထွက်လာသည်။

ဘ၀စက်ဝန်း

ဥဘ၀တွင် (၇)ရက် ၊ ပိုးလောက်ကောင်တွင် (၂-၃) လ၊ ရုပ်ဖုံးတွင် (၂-၃) လ၊ အကောင်ကြီးတွင် (၂-၃) လ ကြာသည်။

ကာကွယ်နှိမ်နင်းနည်း

မီးရောင်ထောင်ခြောက်ဖြင့် အကောင်ကြီးများကို ဖမ်းယူဖျက်ဆီးပါ။

သစ်ကိုင်းခြောက်များကို ခုတ်ဖြတ်မီးရှို့ဖျက်ဆီးပါ။

တစ်ကျင်းလျှင် ဒိုင်ယာဇီနွန် ၁၀ ဂျီ၊ ဟင်းစားဇွန်း (၂) ဇွန်း နှုန်း ထည့်ပါ။

အပင်ပတ်လည် ၆ လက်မ အနက်  ကျင်းတူးထည့်ပါ။





Leave a Reply

Your email address will not be published. Required fields are marked *