BREAKING NEWS

မြန်မာ့ငရုတ်သီးဈေးနှုန်း မတည်ငြိမ်

ယခုလအတွင်း မြန်မာ့ငရုတ်သီးဈေးနှုန်းမှာ တည်ငြိမ်မှုမရှိကြောင်းမြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
လတ်တလောဖြစ်ပျက်နေတဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် ကုန်ပစ္စည်းတင်ပို့နေတဲ့လမ်း ကြောင်းများမှာ အခက်အခဲရှိနေတဲ့အတွက် ဈေးနှုန်းများမှာ တည်ငြိမ်မှုမရှိနေတာဖြစ်တယ်လို့ မြန်မာ့ ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ ငရုတ်သီးတွေက ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးအခြေအနေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းမ ကောင်းတာရယ် ပြီးတော့ ဝယ်ယူနေတဲ့နိုင်ငံကလည်း ငရုတ်သီးရာသီဖြစ်နေတာရယ်ကြောင့်ဈေးနှုန်း ကတည်ငြိမ်မှုှမရှိဘဲကျနေတာပါ”
အခုလကုန်မှာတော့ မြန်မာ့ငရုတ်သီးဈေးနှုန်း ပြန်လည်ကောင်းမွန်လာရန် မျှော်မှန်းထားတယ်လို့ လည်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးဈေးနှုန်းမှာ အရင်က ဧရာဝတီတိုင်းမှထွက်ရှိတဲ့ငရုတ်သီးမျိုးများမှာ တစ်ပိဿာ ကျပ် ၃၀၀၀ ဝန်းကျင်ရရှိနေသော်လည်း အခုလက်ရှိမှာ တစ်ပိဿာ ၆၅၀ ဝန်းကျင်သာဈေးနှုန်းရရှိနေ ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။




ကတည်ငြိမ်မှုမရှိဘဲကျနေတာပါ”







Leave a Reply

Your email address will not be published. Required fields are marked *