BREAKING NEWS

ဂျပန်နည်းပညာနဲ့စိုက်ပျိုးထားတဲ့ ပန်းနဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာဟောပြောပွဲများ ပြုလုပ် သွားမည်

(JETRO) Japan External Trade Organization မှ ဂျပန်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ ပန်းနဲ့ဟင်း သီးဟင်းရွက်စိုက်ပျိုးနည်းပညာဟောပြောပွဲများပြုလုပ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်း မာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
ဒီကနေ့မှာ ပန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးနည်းပညာများဟောပြောပွဲများပြုလုပ် သွားမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်း ရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးစိုးသန်းမင်ဒင်ကပြောပါတယ်။

“မြန်မာ့ပန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဂျပန်(JERTO)ကနေပြီးတော့ ပန်းနဲ့ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာတွေ လာရောက်ပို့ချသွားမယ်။ ပန်းစိုက်တောင်သူတွေနဲ့လည ်းတွေ့ဆုံသွားဖို့ရှိပါ တယ်”
ယခုလထဲမှာလည်းပန်းစိုက်တောင်သူများ ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများကိုတွေ့ဆုံပြီး ဂျပန်နည်း ပညာဖြင့် စိုက်ပျိုးထားတဲ့ ပန်းနဲ့ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းများကို ဟောပြောဆွေးနွေးပွဲပြုလုပ် သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ပန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် (JETRO )နဲ့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့မှပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။







Leave a Reply

Your email address will not be published. Required fields are marked *