BREAKING NEWS

မြန်မာ့ကြက်သွန်နီ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့နေ

ယခုလက်ရှိအချိန်ထိ မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူနေလျက်ရှိပြီးတင်ပို့နေရ တာဖြစ်ကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းမှသိရပါတယ်။
မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အခုလက်ရှိအချိန်ထိ ဝယ်ယူနေတာဖြစ်ပြီး ဈေးနှုန်း မှာလည်း မြင့်တက်နေ ကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချနေသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
“ကြက်သွန်နီကတော့ ဈေးနှုန်းရနေပါတယ်။ဘင်္ဂလားဒေ့ရှ်ကလည်း အခုချိန်ထိဝယ်နေသေးတော့ ဈေးမြင့်တာလည်းပါတယ်။ သူတို့ဘက်ကိုတင်ပို့နေရတာတွေရှိတော့ ဈေးနှုန်းကအရင်လတွေက ဆို တော်တော်လေးမြင့်သွားတယ်”
မြန်မာ့ကြက်သွန်နီကုန်တင်ကာစီးရေမှာ နယ်စုံမှ အစီးရေ(၂၇)စီးဝင်ရောက်လျက်ရှိကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ကြက်သွန်နီဈေးနှုန်းမှာ ဆိပ်ဖြူရှယ် တစ်ပိဿာကို ၁၇၅၀ ကျပ် ၊ မြစ်သားရှယ် (သစ်)တစ်ပိ ဿာကို ၂၀၀၀ ကျပ် နဲ့ ပခုက္ကူရှယ်(သစ်)တစ်ပိဿာကို ၁၈၀၀ ကျပ် ၊ တောင်တွင်းရှယ်(သစ်) တစ်ပိ ဿာကို ၁၇၅၀ ကျပ်နဲ့ မြင်းခြံရှယ်သစ် တစ်ပိဿာကို ၁၈၀၀ ကျပ်ရှိကြောင်းဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းများအရသိရပါတယ်။

 ျမန္မာ့ၾကက္သြန္နီ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုတင္ပို႕ေန

ယခုလက္ရွိအခ်ိန္ထိ ျမန္မာ့ၾကက္သြန္နီကို ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ
ဝယ္ယူေနလ်က္ရွိၿပီးတင္ပို႕ေနရ တာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳးထုတ္လုပ္
တင္ပို႕ ေရာင္းခ်သူမ်ား အသင္းမွသိရပါတယ္။

ျမန္မာ့ၾကက္သြန္နီကို ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ အခုလက္ရွိအခ်ိန္ထိ
ဝယ္ယူေနတာျဖစ္ၿပီး  ေစ်းႏႈန္း မွာလည္း ျမင့္တက္ေန
ေၾကာင္း ျမန္မာႏိုင္ငံၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳး ထုတ္လုပ္တင္ပို႕ေရာင္းခ်ေနသူမ်ားအသင္းမွ
ဥကၠဌ ဦးခင္ဟန္ကေျပာပါတယ္။

“ၾကက္သြန္နီကေတာ့ ေစ်းႏႈန္းရေနပါတယ္။ဘဂၤလားေဒ့ရွ္ကလည္း
အခုခ်ိန္ထိဝယ္ေနေသးေတာ့ ေစ်းျမင့္တာလည္းပါတယ္။ သူတို႕ဘက္ကိုတင္ပို႕ေနရတာေတြရွိေတာ့
ေစ်းႏႈန္းကအရင္လေတြက ဆို ေတာ္ေတာ္ေလးျမင့္သြားတယ္”

ျမန္မာ့ၾကက္သြန္နီကုန္တင္ကာစီးေရမွာ နယ္စံုမွ အစီးေရ(၂၇)စီးဝင္ေရာက္လ်က္ရွိေၾကာင္းလည္း
အဆိုပါအသင္းမွသိရပါတယ္။

ျမန္မာ့ၾကက္သြန္နီေစ်းႏႈန္းမွာ ဆိပ္ျဖဴရွယ္ တစ္ပိႆာကို
၁၇၅၀ က်ပ္ ၊ ျမစ္သားရွယ္ (သစ္)တစ္ပိ ႆာကို ၂၀၀၀ က်ပ္ နဲ႕ ပခုကၠဴရွယ္(သစ္)တစ္ပိႆာကို
၁၈၀၀ က်ပ္ ၊ ေတာင္တြင္းရွယ္(သစ္) တစ္ပိ ႆာကို ၁၇၅၀ က်ပ္နဲ႕ ျမင္းျခံရွယ္သစ္ တစ္ပိႆာကို
၁၈၀၀ က်ပ္ရွိေၾကာင္းဘုရင့္ေနာင္ကုန္စည္ဒိုင္ ေစ်းႏႈန္းမ်ားအရသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *