BREAKING NEWS

မြန်မာ့ဖရဲသခွားများကို ပြည်တွင်းမှာရောင်းချနိုင်ရန်စီစဉ်ဆောင်ရွက်နေ

မြန်မာ့ဖရဲ ၊ သခွားများကို ပြည်တွင်းမှာရောင်းချနိုင်ရန်အစိုးရနဲ့ အသင်းအဖွဲ့များပူးပေါင်းဆောင်ရွက် သွားကာစီစဉ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
အခုလက်ရှိမှာ တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးပေါ်ဝူဟန်ရောဂါကြောင့် နယ်စပ်လမ်းကြောင်းများ မှာ ကန့်သတ်ပိတ်ပင်ထားတဲ့အတွက် မြန်မာ့ဖရဲ၊သခွားတို့ကိုတင်ပို့ရောင်းချရန်ခက်ခဲနေတာကြောင့် ပြည်တွင်းမှာရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်ကပြော ပါတယ်။
“ဖရဲ၊သခွားတွေက ရာသီချိန်လည်းဖြစ်နေတော့ အဓိကကတရုတ်ကိုတင်ပို့နေတာလေ။အဲဒီမှာ အရေး ပေါ်အခြေအနေကြောင့် မသွားနိုင်တော့ ပြည်တွင်းမှာရောင်းချနိုင်ဖို့အတွက် အစိုးရနဲ့ အသင်းအဖွဲ့ တွေပေါင်းပြီး ဆွေးနွေးဆောင်ရွက်နေတာပါ။ပြည်တွင်းမှာ ရောင်းချနိုင်ဖို့အတွက်နေရာလေးတွေလုပ် ဆောင်ပေးသွားပါမယ်”
အခုလဖေဖေါ်ဝါရီ(၁)ရက်နေ့မှာ အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးခဲ့ရာ ရန်ကုန်မြို့အတွင်းဖရဲကားများကို တညင်းကုန်ဈေးကြီးမှာ ကားအစီးရေ (၃၀၀)ကျော်ဝင်ရောက် နိုင်ပြီး ကားငယ်များဖြင့် မြို့အတွင်းလှည့်ပတ်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအဆိုပါအ သင်းမှသိရပါတယ်။
မြန်မာ့ဖရဲ၊သခွားတို့ကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေတာဖြစ်ကြောင်းမြန်မာနိုင်ငံသစ်သီးဝလံ ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

ျမန္မာ့ဖရဲသခြားမ်ားကို ျပည္တြင္းမွာေရာင္းခ်ႏိုင္ရန္စီစဥ္ေဆာင္ရြက္ေန
ျမန္မာ့ဖရဲ ၊ သခြားမ်ားကို ျပည္တြင္းမွာေရာင္းခ်ႏိုင္ရန္အစိုးရနဲ႕ အသင္းအဖြဲ႕မ်ားပူးေပါင္းေဆာင္ရြက္ သြားကာစီစဥ္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္ လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။
အခုလက္ရွိမွာ တရုတ္ႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ အေရးေပၚဝူဟန္ေရာဂါေၾကာင့္ နယ္စပ္လမ္းေၾကာင္းမ်ား မွာ ကန္႕သတ္ပိတ္ပင္ထားတဲ့အတြက္ ျမန္မာ့ဖရဲ၊သခြားတို႕ကိုတင္ပို႕ေရာင္းခ်ရန္ခက္ခဲေနတာေၾကာင့္ ျပည္တြင္းမွာေရာင္းခ်ႏိုင္ရန္ စီစဥ္ေဆာင္ရြက္တာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ ဥကၠဌ ဦးစိုးသန္းမင္းဒင္ကေျပာ ပါတယ္။
“ဖရဲ၊သခြားေတြက ရာသီခ်ိန္လည္းျဖစ္ေနေတာ့ အဓိကကတရုတ္ကိုတင္ပို႕ေနတာေလ။အဲဒီမွာ အေရး ေပၚအေျခအေနေၾကာင့္ မသြားႏိုင္ေတာ့ ျပည္တြင္းမွာေရာင္းခ်ႏိုင္ဖို႕အတြက္ အစိုးရနဲ႕ အသင္းအဖြဲ႕ ေတြေပါင္းၿပီး ေဆြးေႏြးေဆာင္ရြက္ေနတာပါ။ျပည္တြင္းမွာ ေရာင္းခ်ႏိုင္ဖို႔အတြက္ေနရာေလးေတြလုပ္ ေဆာင္ေပးသြားပါမယ္”
အခုလေဖေဖၚဝါရီ(၁)ရက္ေန႕မွာ အစိုးရနဲ႕ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားေတြ႕ဆံုေဆြးေႏြးခဲ့ရာ ရန္ကုန္ၿမိဳ႕အတြင္းဖရဲကားမ်ားကို တညင္းကုန္ေစ်းႀကီးမွာ ကားအစီးေရ (၃၀၀)ေက်ာ္ဝင္ေရာက္ ႏိုင္ၿပီး ကားငယ္မ်ားျဖင့္ ၿမိဳ႕အတြင္းလွည့္ပတ္ေရာင္းခ်ႏိုင္ရန္ စီစဥ္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းအဆိုပါအ သင္းမွသိရပါတယ္။
ျမန္မာ့ဖရဲ၊သခြားတို႕ကို တရုတ္ႏိုင္ငံကိုအဓိကထားတင္ပို႕ေနတာျဖစ္ေၾကာင္းျမန္မာႏိုင္ငံသစ္သီးဝလံ ပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *