တအာင်းဒေသထွက် လက်ဖက်များကို အဆင့်မြှင့်တင်လုပ်ဆောင်သွားမည်

၂၀၂၀ခုနှစ်မှာ တအာင်းဒေသထွက်တဲ့လက်ဖက်စိုများကို အဆင့်မြှင့်တင်နိုင်ရန် စီစဉ်လုပ်ဆောင်သွား မှာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
ဒီနှစ်မှာ တအာင်းဒေသမှာရှိတဲ့ လက်ဖက်တောင်သူ များဝင်ငွေတိုးလာစေဖို့အတွက် လက်ဖက်စိုများ ကို အဆင့်မြှင့်တင်နိုင်ရန် စီစဉ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူးဦးဇော်ညွှန့်ကပြောပါတယ်။
“လှော်လန်းလုပ်ဖို့အတွက်ကို ပင်ကြီး၊ပင်အိုထုတ်လုပ်ဖို့အတွက်ဆွေးနွေးခဲ့တယ်။လက်ဖက်ပင်တည် ရှိတဲ့ နေရာတွေကို စစ်တမ်းကောက်ယူပြီးလက်ဖက်ကိုအဆင့်မြှင့်မြှင့်ထုတ်လုပ်သွားဖို့ရယ် ထုတ်လုပ်တဲ့နေရာမှာလည်း အရည် အသွေးပိုင်းရော အရောင်းပိုင်းရော သင်တန်းပေးသွားဖို့ ဆွေးနွေးခဲ့တာပါ”
အဆိုပါဒေသမှာရှိတဲ့ လက်ဖက်ခြံတွေကို အထွက်တိုးစေရန်သာမက လက်ဖက်ကုန်ကြမ်းတွေကို အ ရည်အသွေးမြင့်ထုတ်လုပ်နိုင်စေရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်းအဆိုပါအသင်းမှသိရပါတယ်။
လက်ဖက်ကိုထုတ်လုပ်မှုစနစ်တွေမြင့်တက်လာစေရန်နဲ့ ဈေးကွက်ဝင်လက်ဖက်စို ၊ လက်ဖက်အခါး ခြောက်များအပြင် green tea ၊red tea ၊ white tea နဲ့ puer tea တို့ကိုထုတ်လုပ်နိုင်ရန်ဆွေး နွေး ခဲ့တာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

တအာင္းေဒသထြက္ လက္ဖက္မ်ားကို အဆင့္ျမွင့္တင္လုပ္ေဆာင္သြားမည္
၂၀၂၀ခုႏွစ္မွာ တအာင္းေဒသထြက္တဲ့လက္ဖက္စိုမ်ားကို အဆင့္ျမွင့္တင္ႏိုင္ရန္ စီစဥ္လုပ္ေဆာင္သြား မွာျဖစ္ေၾကာင္း ပေလာင္လက္ဖက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။
ဒီႏွစ္မွာ တအာင္းေဒသမွာရွိတဲ့ လက္ဖက္ေတာင္သူ မ်ားဝင္ေငြတိုးလာေစဖို႕အတြက္ လက္ဖက္စိုမ်ား ကို အဆင့္ျမွင့္တင္ႏိုင္ရန္ စီစဥ္လုပ္ေဆာင္သြားမွာျဖစ္တယ္လုိ႕ ပေလာင္လက္ဖက္စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ အတြင္းေရးမွဴးဦးေဇာ္ညႊန္႕ကေျပာပါတယ္။
“ေလွာ္လန္းလုပ္ဖိ္ု႕အတြက္ကို ပင္ႀကီး၊ပင္အိုထုတ္လုပ္ဖို႕အတြက္ေဆြးေႏြးခဲ့တယ္။လက္ဖက္ပင္တည္ ရွိတဲ့ ေနရာေတြကို စစ္တမ္းေကာက္ယူၿပီးလက္ဖက္ကိုအဆင့္ျမွင့္ျမွင့္ထုတ္လုပ္သြားဖို႕ရယ္ ထုတ္လုပ္တဲ့ေနရာမွာလည္း အရည္ အေသြးပိုင္းေရာ အေရာင္းပိုင္းေရာ သင္တန္းေပးသြားဖို႕ ေဆြးေႏြးခဲ့တာပါ”
အဆိုပါေဒသမွာရွိတဲ့ လက္ဖက္ျခံေတြကို အထြက္တိုးေစရန္သာမက လက္ဖက္ကုန္ၾကမ္းေတြကို အ ရည္အေသြးျမင့္ထုတ္လုပ္ႏိုင္ေစရန္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းအဆိုပါအသင္းမွသိရပါတယ္။
လက္ဖက္ကိုထုတ္လုပ္မႈစနစ္ေတြျမင့္တက္လာေစရန္နဲ႕ ေစ်းကြက္ဝင္လက္ဖက္စို ၊ လက္ဖက္အခါး ေျခာက္မ်ားအျပင္ green tea ၊red tea ၊ white tea နဲ႕ puer tea တို႕ကိုထုတ္လုပ္ႏိုင္ရန္ေဆြး ေႏြး ခဲ့တာျဖစ္ေၾကာင္း ပေလာင္လက္ဖက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *