BREAKING NEWS

မြန်မာ့သီးနှံ(၃)မျိုးရဲ့ အရည်အသွေးနဲ့စံချိန်စံညွှန်းတွေကို သုတေသနဆောင်ရွက်နေ

တရုတ်ဈေးကွက်ကိုတင်ပို့နိုင်ရန်အတွက် မြန်မာ့သီးနှံ(၃)မျိုးရဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်းတွေကို သုတေသနပြုဆောင်ရွက် နေတာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
မြန်မာ့သီးနှံ(၃)မျိုးဖြစ်တဲ့ ဖရဲ ၊ သခွှားမွှေး ၊ အစေ့ထုတ်ပြောင်းတို့ကို တရုတ်ဈေးကွက် စံချိန်စံညွှန်းနဲ့ အရည်အသွေးရရှိစေနိုင်ဖို့အတွက် စမ်းသပ်စိုက်ပျိုးသုတေသနပြုလုပ်နေတာဖြစ်တယ်လို့ စိုက်ပျိုး ရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းကပြောပါတယ်။
“ဖရဲ ၊ သခွားမွှေး ၊ အစေ့ထုတ်ပြောင်း ကိုဈေးကွက်စံချိန်စံညွှန်းနဲ့အရည်အသွေးနဲ့အညီ ဖော်ထုတ် နေတယ်။ပထမတစ်ရာသီတော့စမ်းသပ်ပြီးသွားပါပြီ။အခုဒုတိယတစ်ရာသီ ထပ်ပြီးတော့စမ်းသပ် သွားမယ်။နောက်တတိယရာသီမှာသုတေနသစမ်းသပ်တာအောင်မြင်သွားပြီဆိုရင် တရုတ်ဈေးကွက် အကြိုက် ဖြစ်သွားပြီဆိုရင် တင်ပို့နိုင်မှာပါ”
ဖရဲ ၊ သခွားမွှေး ၊ အစေ့ထုတ်ပြောင်း ကို အာဆီယံ အရည်အသွေးနဲ့ စံချိန်စံညွှန်း အတိုင်းတင်ပို့နိုင် ရေးအတွက် သုတေသနပြုဆောင်ရွက် နေတာဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။
အဆိုပါသုတေသနဖော်ထုတ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ MoU ကို ၂၀၁၈ခုနှစ်အတွင်းက ရေးထိုးကာ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ကြောင်း စိုက်ပျိုးရေးသု တေသနဦးစီးဌာနမှသိရပါတယ်။

ျမန္မာ့သီးႏွံ(၃)မ်ိဳးရဲ႕ အရည္အေသြးနဲ႕စံခ်ိန္စံညႊန္းေတြကို သုေတသနေဆာင္ရြက္ေန
တရုတ္ေစ်းကြက္ကိုတင္ပို႕ႏိုင္ရန္အတြက္ ျမန္မာ့သီးႏွံ(၃)မ်ိဳးရဲ႕ အရည္အေသြးနဲ႕ စံခ်ိန္စံညႊန္းေတြကို သုေတသနျပဳေဆာင္ရြက္ ေနတာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။
ျမန္မာ့သီးႏွံ(၃)မ်ိဳးျဖစ္တဲ့ ဖရဲ ၊ သခႊားေမႊး ၊ အေစ့ထုတ္ေျပာင္းတို႕ကို တရုတ္ေစ်းကြက္ စံခ်ိန္စံညႊန္းနဲ႕ အရည္အေသြးရရွိေစႏိုင္ဖို႕အတြက္ စမ္းသပ္စိုက္ပ်ိဳးသုေတသနျပဳလုပ္ေနတာျဖစ္တယ္လို႕ စိုက္ပ်ိဳး ေရးသုေတသနဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးႏိုင္ၾကည္ဝင္းကေျပာပါတယ္။
“ဖရဲ ၊ သခြားေမႊး ၊ အေစ့ထုတ္ေျပာင္း ကိုေစ်းကြက္စံခ်ိန္စံညႊန္းနဲ႕အရည္အေသြးနဲ႕အညီ ေဖာ္ထုတ္ ေနတယ္။ပထမတစ္ရာသီေတာ့စမ္းသပ္ၿပီးသြားပါၿပီ။အခုဒုတိယတစ္ရာသီ ထပ္ၿပီးေတာ့စမ္းသပ္ သြားမယ္။ေနာက္တတိယရာသီမွာသုေတနသစမ္းသပ္တာေအာင္ျမင္သြားၿပီဆိုရင္ တရုတ္ေစ်းကြက္ အႀကိဳက္ ျဖစ္သြားၿပီဆုိရင္ တင္ပို႕ႏိုင္မွာပါ”
ဖရဲ ၊ သခြားေမႊး ၊ အေစ့ထုတ္ေျပာင္း ကို အာဆီယံ အရည္အေသြးနဲ႕ စံခ်ိန္စံညႊန္း အတိုင္းတင္ပို႕ႏိုင္ ေရးအတြက္ သုေတသနျပဳေဆာင္ရြက္ ေနတာျဖစ္ေၾကာင္း အဆိုပါဌာနမွသိရပါတယ္။
အဆိုပါသုေတသနေဖာ္ထုတ္ႏိုင္ေရးအတြက္ တရုတ္ျပည္သူ႕သမၼတႏိုင္ငံနဲ႕ နားလည္မႈစာခၽြန္လႊာ MoU ကို ၂၀၁၈ခုႏွစ္အတြင္းက ေရးထိုးကာ ပူးေပါင္းေဆာင္ရြက္ေနတာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသု ေတသနဦးစီးဌာနမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *