BREAKING NEWS

မြန်မာ့သီးနှံများကို တရုတ်ဈေးကွက်ကိုတင်ပို့နိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်

မြန်မာ့သီးနှံများကို တရုတ်ဈေးကွက်ကိုတရားဝင်တင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်ေ ကြာင်း မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှသိရပါတယ်။
မြန်မာ့သီးနှံမျိုးများကို တရုတ်နိုင်ငံမှ လာရောက်စိစစ်ပြီး ဈေးကွက်ကိုတရားဝင်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ခံ ဒေါက်တာ သက်လွင်ဦးကပြောပါတယ်။
“ အခုကပို့ထားတဲ့သီးနှံတွေထဲကမှ ဌက်ပျောသီးကိုတော့လိုအပ်ချက်အရလာပြီးတော့စစ်ပြီးသွားပြီ။ နောက်ထပ်ထောပတ်သီးကိုလာစစ်မယ်လို့တော့ခန့်မှန်းရပါတယ်။ နောက်ထပ်လည်း သီးနှံတွေကို သူတို့ဘက်ကလာရောက်စစ်ဆေးပြီးတင်ပို့နိုင်ဖို့အတွက်လည်း စီစဉ်လုပ်ဆောင်နေပါတယ်”
မြန်မာ့သီးနှံမျိုးပေါင်း(၂၀)ကျော်ကို တရုတ်ဈေးကွက်ကိုတရားဝင်တင်ပို့သွားနိုင်ရေးအတွက် စီစဉ် လုပ်ဆောင်နေတာဖြစ်ကြောင်းအဆိုပါဌာနမှသိရပါတယ်။
မြန်မာ့ထောပတ်သီးကိုလည်း မကြာခင်မှာ လာရောက်စစ်ဆေးသွားနိုင်ရန် စီစဉ်လုပ်ဆောင်နေ ကြောင်းလည်း မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှသိရပါတယ်။






Leave a Reply

Your email address will not be published. Required fields are marked *