BREAKING NEWS

အထွက်နှုန်းကောင်းတဲ့ ပဲလွမ်းမျိုးသစ်များကို တောင်သူများထံဖြန့်ဝေပေးသွားမည်

ပင်ပိုင်းဆိုင်ရာကြီးထွားမှုကောင်းပြီး အထွက်နှုန်းကောင်းတဲ့ ပဲလွမ်းမျိုးသစ်များကို တောင်သူများထံ ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
ရှာဖွေတွေ့ရှိထားတဲ့ ပဲလွမ်းမျိုးများကို နောက်တစ်ရာသီမှာဆက်လက်သုတေသနပြုဆောင်ရွက်သွား မှာဖြစ်ပြီး ရလဒ်ကောင်းထွက်ရှိလာတဲ့ မျိုးသစ်များကို တောင်သူများထံဖြန့်ဝေပေးသွားမှာဖြစ်တယ် လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းကပြောပါတယ်။
“ထွက်နှုန်းကောင်းတဲ့ ပဲလွမ်းမျိုးတွေကို ရှာဖွေတွေ့ရှိထားတာ အခုဆိုဒုတိယအကြိမ်မြောက်ဖြစ်သွား ပါပြီ။ ဆက်လက်ပြီးတော့လည်း နောက်ထပ်တစ်ရာသီမှာ သုတေသနပြုသွားမယ်။ရလာတဲ့မျိုးသစ်ရဲ့ ရလဒ်ကိုလည်း သေချာပြီဆိုတာနဲ့ တောင်သူတွေထံဖြန့်ဝေပေးသွားမှာပါ”
ပဲလွမ်းမျိုးများကို အထွက်နှုန်းနဲ့ အရွက် ၊ ပင်စည်စတဲ့ပင်ပိုင်းဆိုင်ရာ အလေးချိန်ကောင်းတဲ့ ပဲလွမ်းမျိုး များ ရှာဖွေခြင်းသုတေသနကို (၂၀၁၉ – ၂၀၂၀) ခုနှစ်မှာ သုတေသနအဖြစ် စမ်းသပ်ဆောင်ရွက်သွား မှာဖြစ်ကြောင်းသိရပါတယ်။
ပဲလွမ်းမျိုး(၁၈)မျိုးထဲကမှ ကြီးထွားမှုကောင်းတဲ့ ပဲလွမ်းမျိုး(၇)မျိုးကိုရွေးချယ်နိုင်ခဲ့ပြီး (၂၀၁၉ – ၂၀ ၂၀)ခုနှစ်မှာ ဆက်လက်သုတေသနဆောင်ရွက်ခဲ့ကာ ပင်ပိုင်းဆိုင်ရာကြီးထွားမှုကောင်းတဲ့ မျိုးများ ကို ရှာဖွေတွေ့ရှိခဲ့ပြီး တောင်သူများထံ မကြာမီ ဖြန့်ဝေနိုင်တော့မှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှသိရ ပါတယ်။

အထြက္ႏႈန္းေကာင္းတဲ့ ပဲလြမ္းမ်ိဳးသစ္မ်ားကို ေတာင္သူမ်ားထံျဖန္႕ေဝေပးသြားမည္
ပင္ပိုင္းဆိုင္ရာႀကီးထြားမႈေကာင္းၿပီး အထြက္ႏႈန္းေကာင္းတဲ့ ပဲလြမ္းမ်ိဳးသစ္မ်ားကို ေတာင္သူမ်ားထံ ျဖန္႕ေဝေပးသြားမွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။
ရွာေဖြေတြ႕ရွိထားတဲ့ ပဲလြမ္းမ်ိဳးမ်ားကို ေနာက္တစ္ရာသီမွာဆက္လက္သုေတသနျပဳေဆာင္ရြက္သြား မွာျဖစ္ၿပီး ရလဒ္ေကာင္းထြက္ရွိလာတဲ့ မ်ိဳးသစ္မ်ားကို ေတာင္သူမ်ားထံျဖန္႕ေဝေပးသြားမွာျဖစ္တယ္ လို႕ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးႏုိင္ၾကည္ဝင္းကေျပာပါတယ္။
“ထြက္ႏႈန္းေကာင္းတဲ့ ပဲလြမ္းမ်ိဳးေတြကို ရွာေဖြေတြ႕ရွိထားတာ အခုဆိုဒုတိယအႀကိမ္ေျမာက္ျဖစ္သြား ပါၿပီ။ ဆက္လက္ၿပီးေတာ့လည္း ေနာက္ထပ္တစ္ရာသီမွာ သုေတသနျပဳသြားမယ္။ရလာတဲ့မ်ိဳးသစ္ရဲ႕ ရလဒ္ကိုလည္း ေသခ်ာၿပီဆိုတာနဲ႕ ေတာင္သူေတြထံျဖန္႕ေဝေပးသြားမွာပါ”
ပဲလြမ္းမ်ိဳးမ်ားကို အထြက္ႏႈန္းနဲ႕ အရြက္ ၊ ပင္စည္စတဲ့ပင္ပိုင္းဆိုင္ရာ အေလးခ်ိန္ေကာင္းတဲ့ ပဲလြမ္းမ်ိဳး မ်ား ရွာေဖြျခင္းသုေတသနကို (၂၀၁၉ – ၂၀၂၀) ခုႏွစ္မွာ သုေတသနအျဖစ္ စမ္းသပ္ေဆာင္ရြက္သြား မွာျဖစ္ေၾကာင္းသိရပါတယ္။
ပဲလြမ္းမ်ိဳး(၁၈)မ်ိဳးထဲကမွ ႀကီးထြားမႈေကာင္းတဲ့ ပဲလြမ္းမ်ိဳး(၇)မ်ိဳးကိုေရြးခ်ယ္ႏိုင္ခဲ့ၿပီး (၂၀၁၉ – ၂၀ ၂၀)ခုႏွစ္မွာ ဆက္လက္သုေတသနေဆာင္ရြက္ခဲ့ကာ ပင္ပိုင္းဆိုင္ရာႀကီးထြားမႈေကာင္းတဲ့ မ်ိဳးမ်ား ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ေတာင္သူမ်ားထံ မၾကာမီ ျဖန္႕ေဝႏိုင္ေတာ့မွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသန ဦးစီးဌာနမွသိရ ပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *