BREAKING NEWS
ထောပတ်သီးကို တရုတ်ကိုတင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်နေ
မြန်မာ့ထောပတ်သီးကိုတရုတ်နိုင်ငံကို တရားဝင်တင်ပို့နိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေတာဖြစ် တယ်လို့ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှသိရပါတယ်။
မြန်မာ့ထောပတ်သီးကို တရုတ်ဈေးကွက်ကိုတရားဝင်တင်ပို့နိုင်ရေးအတွက် လာရောက်စစ်ဆေးရန်ဦး စားပေးတောင်းဆိုထားတာဖြစ်တယ်လို့ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ခံ ဒေါက်တာသက်လွင်ဦးကပြောပါတယ်။
“တရုတ်ဈေးကွက်ကိုတင်ပို့နိုင်ဖို့အတွက် ဦးစားပေးတောင်းဆိုထားတယ်။ဒါပေမယ့်သူတို့ကဌက် ပျောကို အရင်လာစစ်သွားတာပေါ့။နောက်လာစစ်မှာကတော့ ထောပတ်သီးဖြစ်နိုင်မှာပါ။ ထော ပတ်သီးကဒီမှာကျတော့ ရာသီလည်းဖြစ်နေတော့ ထွက်လည်းထွက်နေတဲ့အတွက် တောင်းဆိုဖြစ် တာပါ”
မြန်မာ့ထောပတ်သီးကိုတရုတ်ကိုတရားဝင်တင်ပို့နိုင်ဖို့အတွက်လည်း မကြာခင်မှာလာရောက်စစ် ဆေးမှုများပြုလုပ်နိုင်ဖို့အတွက်တောင်းဆိုထားတာဖြစ်ကြောင်းလည်းအဆိုပါဌာနမှသိရပါတယ်။
တရုတ်ဈေးကွက်ကိုတင်ပို့နိုင်ရေးအတွက် သီးနှံမျိုးပေါင်း(၂၂)မျိုးကို တင်ပို့နိုင်တာဖြစ်တယ်လို့ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ သိရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *