BREAKING NEWS

ပြည်တွင်းကြက်သွန်နီဈေးနှုန်း ပြန် လည်တည်ငြိမ်နေ

ယခုလက်ရှိပြည်တွင်းကြက်သွန်နီဈေးနှုန်း မှာ ပြန်လည်တည်ငြိမ်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကြက်သွန်ဖြူ ၊ ကြက်သွန်နီဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
ကြက်သွန်နီကုန်တင်ကားများမှာပုံမှန်ဝင်နေပြီး ဈေးနှုန်းများမှာ အခုတစ်ပတ်အတွင်း တည်ငြိမ်နေ တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကြက်သွန်ဖြူ ၊ ကြက်သွန်နီဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
“ ကြက်သွန်နီဈေးနှုန်းကတော့အခုလက်ရှိမှာတည်ငြိမ်နေတယ်။နယ်တွေကလည်းကားတွေကပုံမှန် ဝင်နေပါတယ်။ပြည်ပကိုတော့ကြက်သွန်နီအခုလက်ရှိအချိန်ထိ အနည်းငယ်တော့ဝယ်ယူမှုရှိနေပါ သေးတယ်”
ယခုလက်ရှိ ကြက်သွန်နီဈေးနှုန်းများမှာ ဆိပ်ဖြူရှယ်သစ်တစ်ပိဿာကို ၂၀၀၀ကျပ်၊ မြစ်သားရှယ် သစ်တစ်ပိဿာကို ၂၁၀၀ ကျပ် နဲ့ မြင်းခြံရှယ်သစ်တစ်ပိဿာကို ၂၃၀၀ ကျပ် ဖြင့် တည်ငြိမ် နေ ကြောင်းသိရပါတယ်။
ပြည်တွင်းကို ကြက်သွန်နီကားအစီးရေ တစ်နေ့ကို ပုံမှန်အစီးရေ(၃၀)ကျော်ဝင်ရောက်လျက်ရှိနေ ကြောင်းလည်း မြန်မာနိုင်ငံ ကြက်သွန်ဖြူ ၊ ကြက်သွန်နီဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါတယ်။

ျပည္တြင္းၾကက္သြန္နီေစ်းႏႈန္း ျပန္လည္တည္ၿငိမ္ေန

ယခုလက္ရွိျပည္တြင္းၾကက္သြန္နီေစ်းႏႈန္း မွာ ျပန္လည္တည္ၿငိမ္ေနတာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွသိရပါတယ္။

ၾကက္သြန္နီကုန္တင္ကားမ်ားမွာပံုမွန္ဝင္ေနၿပီး ေစ်းႏႈန္းမ်ားမွာ
အခုတစ္ပတ္အတြင္း တည္ၿငိမ္ေန တာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရး
အသင္းမွဥကၠဌ ဦးခင္ဟန္ကေျပာပါတယ္။

“ ၾကက္သြန္နီေစ်းႏႈန္းကေတာ့အခုလက္ရွိ္မွာတည္ၿငိမ္ေနတယ္။နယ္ေတြကလည္းကားေတြကပံုမွန္
ဝင္ေနပါတယ္။ျပည္ပကိုေတာ့ၾကက္သြန္နီအခုလက္ရွိအခ်ိန္ထိ အနည္းငယ္ေတာ့ဝယ္ယူမႈရွိေနပါ ေသးတယ္”

 ယခုလက္ရွိ ၾကက္သြန္နီေစ်းႏႈန္းမ်ားမွာ
ဆိပ္ျဖဴရွယ္သစ္တစ္ပိႆာကို ၂၀၀၀က်ပ္၊ ျမစ္သားရွယ္ သစ္တစ္ပိႆာကို ၂၁၀၀ က်ပ္ နဲ႕ ျမင္းျခံရွယ္သစ္တစ္ပိႆာကို
၂၃၀၀ က်ပ္ ျဖင့္ တည္ၿငိမ္ ေန ေၾကာင္းသိရပါတယ္။

ျပည္တြင္းကို ၾကက္သြန္နီကားအစီးေရ တစ္ေန႕ကို ပံုမွန္အစီးေရ(၃၀)ေက်ာ္ဝင္ေရာက္လ်က္ရွိေန ေၾကာင္းလည္း ျမန္မာႏိုင္ငံ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *