BREAKING NEWS

မြန်မာ့ဌက်ပျောသီး ကိုတရားဝင်တင်ပို့နိုင်ရေးအတွက် လက်မှတ်ရေးထိုးသွားမည်

မြန်မာ့ဌက်ပျောသီးကို တရုတ်နိုင်ငံကို တရားဝင်တင်ပို့နိုင်ရန်အတွက် လက်မှတ်ရေးထိုးသွားမှာဖြစ် ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန မှသိရပါတယ်။
မြန်မာ့ဌက်ပျောသီးကို စစ်ဆေးပြီးပြီဖြစ်ပြီး တရုတ်နိုင်ငံကိုတရားဝင်တင်ပို့နိုင်ဖို့အတွက် မကြာခင်မှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်လို့ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှတာဝန်ခံ ဒေါက်တာသက်လွင်ဦးကပြောပါတယ်။
“ မြန်မာ့ဌက်ပျောသီးကို protocol အချက်အလက်တွေနဲ့အညီ ဒီလဒါမှမဟုတ် ဖေဖေါ်ဝါရီလထဲမှာ လက်မှတ်ရေးထိုးသွားမှာပါ။ လက်မှတ်ရေးထိုးပြီးပြီဆိုရင်တော့ မြန်မာ့ဌက်ပျောကိုတရားဝင်တင်ပို့ သွားနိုင်မှာပါ”
မြန်မာ့သီးနှံတွေထဲကမှ ဌက်ပျောသီးကို တရုတ်နိုင်ငံမှ လိုအပ်ချက်ကြောင့် လာရောက်စစ်ဆေးခဲ့တာ ဖြစ်ကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။
တရုတ်ကိုမြန်မာ့သီးနှံ တရားဝင်တင်ပို့နိုင်ရန်အတွက် အခြားသီးနှံများဖြစ်တဲ့ ထောပတ်သီး၊နာနတ် သီးစတဲ့သီးနှံ(၆)မျိုးကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *