BREAKING NEWS

ပထမအကြိမ် ရက်ကန်းပညာရပ်ဆိုင်ရာပြိုင်ပွဲ၊ပြပွဲ နဲ့ဈေးရောင်းပွဲတော်ကျင်းပသွားမည်

ရက်ကန်းပညာရှင်များရဲ့ ဆန်းသစ်တီထွင်နိုင်မှုကို ဖော်ထုတ်နိုင်ဖို့အတွက် ရက်ကန်းပညာရပ်ဆိုင်ရာ ပြိုင်ပွဲ ၊ ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၁၀ ရက်နေ့မှ ၁၁)ရက်နေ့ထိ ဆောင်း ဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ အမရပူရမြို့မှာ ကျင်း ပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ရက်ကန်းပညာရပ်ဆိုင်ရာပြိုင်ပွဲ၊ပြပွဲ နဲ့ဈေးရောင်းပွဲတော်မှာ ချည်မျှင်နှင့်အထည်အလိပ် ဒီပလိုမာ ကျောင်းဆင်းလက်ရာပြပွဲ၊ ပြိုင်ပွဲ ၊ ရက်ကန်းပညာရှင်များရဲ့ ဒီဇိုင်းပြပွဲ ၊ ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်းများရဲ့ အထည်ဒီဇိုင်းပြပွဲ ၊ ပြိုင်ပွဲ ၊ အထည်အလိပ်လုပ်ငန်းဆိုင်ရာ ထုန်ကုန်ပြပွဲ ၊ ဈေးရောင်းပွဲ ၊ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းနဲ့ ရက်ကန်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေး နွေးပွဲတို့ကို ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါဈေးရောင်းပွဲတော်ကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလ က်မှုလုပ်ငန်းဌာန ကြီးကြပ်စီစဉ်မှုနဲ့ ဆောင်းဒါးရက်ကန်းနဲ့အသက်မွေးပညာသိပ္ပံ ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း (မန္တလေး)နဲ့ British Council in Myanmar တို့မှပူးပေါင်းကျင်းပ တာဖြစ်ကြောင်းသိရပါတယ်။

Zawgyi

ရက်ကန်းပညာရှင်များရဲ့ ဆန်းသစ်တီထွင်နိုင်မှုကို ဖော်ထုတ်နိုင်ဖို့အတွက် ရက်ကန်းပညာရပ်ဆိုင်ရာ ပြိုင်ပွဲ ၊ ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၁၀ ရက်နေ့မှ ၁၁)ရက်နေ့ထိ ဆောင်း ဒါးရက်ကန်းနှင့် အသက်မွေးပညာသိပံ္ပ အမရပူရမြို့မှာ ကျင်း ပသွားမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါဈေးရောင်းပွဲတော်ကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလ က်မှုလုပ်ငန်းဌာန ကြီးကြပ်စီစဉ်မှုနဲ့ ဆောင်းဒါးရက်ကန်းနဲ့အသက်မွေးပညာသိပံ္ပ ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း (မန္တလေး)နဲ့ British Council in Myanmar တို့မှပူးပေါင်းကျင်းပ တာဖြစ်ကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *