BREAKING NEWS

ကွမ်းရွက်ဈေးနှုန်းများကျလာ

အရင်နှစ်ထက် ကွမ်းရွက်ဈေးနှုန်းများမှာ ကျဆင်းလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ ကွမ်းစိုက်တောင်သူတစ်ဦးထံမှသိရပါတယ်။
ကွမ်းစိုက်တောင်သူများများပြားလာပြီး ကွမ်းရွက်ဝင်ရောက်မှုများပြားလာတဲ့အတွက် ကွမ်းရွက်ဈေး နှုန်းများမှာ တက်လာတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်မှ ကွမ်းစိုက်တောင်သူဦး စိုးနိုင်ဝင်းကပြောပါ တယ်။
“ ကွမ်းစိုက်တဲ့တောင်သူတွေများပြားလာတယ်။ပြီးတော့ ကွမ်းရွက်ကလည်း ပြည်တွင်းဈေးကွက်မှာ ဝင်ရောက်မှုများလာတဲ့အတွက် ဈေးကအရင်နှစ်ထက်စာရင် တစ်သောင်းဝန်းကျင်လောက် ကျဆင်း သွားတယ်”
ကွမ်းရွက်ဈေးနှုန်းမှာယခင်နှစ်ကတစ်ပိဿာကို ကျပ်၂၀၀၀၀ ဝန်းကျင်ရရှိခဲ့ပြီး အခုနှစ်အတွင်းမှာ ကျပ်၇၀၀၀ ဝန်းကျင်သာရှိတော့ကြောင်း သိရပါတယ်။
ကွမ်းရွက်ကို စစ်ကိုင်းတိုင်းဒေသကြီး ၊ ပန်းတနော်၊ ညောင်တုန်း ၊ ကျောင်းကုန်း ၊ မအူပင် ၊ ကျောက်ဆည်တို့မှာ အများဆုံးစိုက်ပျိုးထားရှိကြောင်းလည်းသိရပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *