BREAKING NEWS

ဆတ္ အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ

ဆတ္ကို ျမန္မာႏိုင္ငံတြင္ ေတာင္တန္းေဒသမ်ားတြင္ အဓိက စိုက္ပ်ိဳးခဲ့ၿပီး ေျမျပန္႔ေဒ သမ်ားတြင္ ကြက္ၾကားအနည္းငယ္ဆီ စိုက္ပ်ိဳးၾကသည္။ ၂၀၀၁ -၀၂ ခုႏွစ္တြင္ ခ်င္းျပည္နယ္တြင္ ၂၂၇၇၅ ဧက စစ္ကိုင္းတိုင္းတြင္ ၂၀၉၀ ဧက မႏၱေလးတိုင္းတြင္ ၁၄၆၈ ဧက ကခ်င္ျပည္နယ္တြင္ ၃၄၈၀ ဧက ႏွင့္ မေကြးတိုင္းတြင္ ၂၇၉၀ ဧက စုစုေပါင္း ၂၆၉၆၀ ဧက စိုက္ခဲ့သည္။ ဆတ္မ်ိဳး ၅မ်ိဳး ရွိသည္။ ၄င္းတို႔မွာ ဆတ္နီ၊ ကုလားဆတ္၊ ပုလဲဆတ္၊ ေခြးၿမီးျဖဴ၊ ေခြးၿမီးနီ ႏွင့္ ဆက္ကေလး တို႔ ျဖစ္ၾကသည္။

ဆတ္နီမ်ိဳးကို ေတာင္ေပၚေဒသမ်ားတြင္ အမ်ားအျပားစိုက္ပ်ိဳးၾကၿပီး ေျမျပန္႕ေဒသ မိုးနည္းေရရွား၍ ေျခာက္ေသြ႕ေသာေနရာတို႔တြင္ အနည္းငယ္ စိုက္ပ်ိဳးသည္။ မိုးဦးတြင္ ေျမကို ထြန္ယက္ၿပီး ပ်ိဳးေဘာင္ျပဳလုပ္၍ ပ်ိဳးေထာင္ရသည္။ ပ်ိဳးသက္ ၃၀ ရက္ခန္႔ရွိလွ်င္  ေျပာင္းေရႊ႕ စိုက္ပ်ိဳးရသည္။ ၁၅ လက္မကြာ စိုက္ေၾကာင္းမ်ားဆြဲ၍ တိုက္ရိုက္မ်ိဳးေစ့ခ်ၿပီး ၾကမ္းတံုးျဖင့္ ေျမဖံုးေပးရသည္။ တစ္ဧကလွ်င္ မ်ိဳးေစ့ ၂ ျပည္ခန္႔ ကုန္သည္။ အပင္အျမင့္ ၄ – ၅ ေပခန္႔ရွိၿပီး ထိပ္ဖ်ားတြင္ လက္ေခ်ာင္းမ်ားကဲ့သို႔  ၄- ၅ ေခ်ာင္းရွိ အႏွံထြက္သည္။ သက္လွ်င္မ်ိဳးသည္ စက္တင္ဘာလ၊ ေအာက္တိုဘာလတြင္ ရိတ္သိမ္းရသည္။ ရိတ္သိမ္းရာတြင္ အႏွံမ်ားကို ျဖတ္ယူၿပီး ေနလွမ္း၍ ေျခာက္လွ်င္ ႏြား ႏွင့္နယ္၍ အေစ့ထုတ္ယူရသည္။ တစ္ဧကလွ်င္ ၈ – ၁၂ တင္းခန္႔ ထြက္ႏိုင္သည္။ ဆတ္ေစ့မ်ားကို ဖြတ္(ေထာင္း) ၍ ျဖဴစင္ေအာင္ ျပာၿပီး ဆတ္ေပါင္းအျဖစ္စားၾကသည္။

ကုလားဆတ္ကို အထက္ျမန္မာႏိုင္ငံ အပူပိုင္းဇံုတြင္ စိုက္ပ်ိဳးသည္။ အပင္အျမင့္ ၆ – ၇ ေပခန္႔ရွိၿပီး အပင္ထိပ္ဖ်ားတြင္ အႏွံလံုးတံထြက္၍ အေစ့မ်ားပါရွိသည္။ ဆူး ႏွင့္ တူေသာ အေမြးမ်ားပါသည္။ ၁၉၀၅ – ၀၆ ခုႏွစ္တြင္ ဧရိယာဧက ၇၄၈၂၀ စိုက္ပ်ိဳးခဲ့ရာ ျမင္းၿခံခရိုင္တြင္ ၄၂၉၅၈ ဧက၊ မေကြးခရိုင္တြင္၂၆၅၂၀ ဧက ႏွင့္ က်န္ရွိေသာ ၅၃၁၈ဧကကို အပူပိုင္းဇံု အတြင္း ေနရာအႏွံ႔အျပား ကြက္ၾကား စိုက္ပ်ိဳးခဲ့သည္။

ရင့္မွည့္လွ်င္ အႏွံကို ထစ္ယူ(ျဖတ္)ၿပီး၊ ေနလွမ္း၍ ေျခာက္ေသြ႔ပါက ႏြားႏွင့္ နယ္၍ အေစ့ကို ထုတ္ယူရသည္။ အေစ့ကို ဖြတ္ (ေထာင္း)၍ ျပာစင္ၿပီး ထမင္းအျဖစ္ ခ်က္ျပဳတ္စားၾကသည္။ အမႈန္႔ႀကိတ္၍ ကိတ္မုန္႔၊ ေပါင္မုန္႔၊ မုန္႔ဆီေၾကာ္ ျပဳလုပ္စားေသာက္ႏို္င္သည္။ လူး၊ ဆတ္၊ ေျပာင္း တို႔ကို ဘီယာႏွင့္ အရက္ခ် က္လုပ္ႏို္င္သည္။

ပုလဲဆတ္၏ မူရင္းေဒသမွာ အာဖရိယတိုက္ျဖစ္သည္။ ၁၉၈၀ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ စတင္ေရာက္ရွိလာသည္။ အပင္ အျမင့္ ၁၀ – ၁၂ ေပခန္္႔ရွိၿပီး အပင္ထိပ္ဖ်ား အႏွံလံုးထြက္၍ အေစ့မ်ားပါရွိသည္။ မိုးဦးက်တြင္ စိုက္ပ်ိဳးၿပီး စက္တင္ဘာလတြင္ ရည့္မွည့္သျဖင့္ အသက္ ရက္ေပါင္း ၁၂၀ ခန္႔ရွိသည္။ စိုက္တန္းအကြာအေ၀း ၁၅ လက္မ ႏွင့္အပင္အကြာအေ၀း ၄ လက္မခန္႔ထားသင့္သည္။ တစ္ဧက မ်ိဳးေစ့ႏႈန္းထားမွာ ၂ ျပည္ႏွင့္ အထြက္ႏႈန္းမွာ ၅ – ၈ ခန္႔ ျဖစ္သည္။ ရိတ္သိမ္းနယ္ေလွ႔ပံုမွာ အျခားဆတ္မ်ိဳးအတိုင္းျဖစ္သည္။ ဆတ္ဆံကို ထမင္းအျဖစ္လည္းေကာင္း၊ ဆတ္ဆံအမႈန္႔ကို ကိတ္မႈန္႔၊ ေပါင္မုန္႔ ျပဳလုပ္၍လည္းေကာင္း စားသံုးႏိုင္သည္။

ေခြးၿမီးျဖဴ/နီကို ဂ်ပန္ႏွင့္ တရုတ္ႏုိင္ငံတို႔တြင္ တရုတ္ႏိုင္ငံတြင္ စိုက္ပ်ိဳးခဲ့သည္မွာ ႏွစ္ေပါင္းေထာင္ခ်ီ၍ ၾကာခဲ့ၿပီဟုဆိုသည္။ ျမန္မာႏို္င္ငံ တြင္ ရွမ္း ႏွင့္ကခ်င္ ေတာင္တန္းမ်ားေပၚတြင္ စိုက္ပ်ိဳးၾကသည္။ ထိုဆတ္မ်ိဳးသည္ ကုန္းျမင့္ေဒသ၊ ေျခာက္ေသြ႕ေသာေျမမ်ားတြင္ ပိုမို ျဖစ္ထြန္းသည္။ အပင္အျမင့္ ၄ – ၅ ေပခန္႔ရွိၿပီး အပင္ထိပ္ဖ်ားတြင္ အႏွံလံုးတံထြက္၍ အေစ့မ်ားပါရွိသည္။ အေစ့မ်ား ရင့္မွည့္ေသာအခါ အႏွံသည္ ေအာက္သို႔ ငိုက္၍ က်သည္။ ေမ၊ ဇြန္လ တို႔တြင္ စိုက္ပ်ိဳးၿပီး စက္တင္ဘာ၊ ေအာက္တိုဘာလတို႔တြင္ ရိတ္သိမ္းရသည္။

ဆတ္ကေလးကို အိႏၵိယ၊ နီေပါ၊ ပါကစၥတန္၊ သီရိလကာၤ၊ အင္ဒိုနီရွားအေရွ႕ပိုင္း ႏွင့္ ျမန္မာႏိုင္ငံအေနာက္ပိုင္းတို႔တြင္  က်ယ္ျပန္႔စြာ စိုက္ပ်ိဳးၾကသည္ ။ ရင့္မွည့္ေသာအခါ ႏွံခက္သည္ ေအာက္သို႔ ငိုက္က်သည္။

ျမန္မာႏို္င္ငံတြင္ ဆန္နီ ႏွင့္ ပုလဲမ်ိဳးတို႔ကို အဓိကထား၍  စိုက္ပ်ိဳးၿပီး က်န္ရွိေသာ ဆတ္မ်ိဳးမ်ားကို ေျခာက္ေသြ႔ေသာေျမေနရာတြင္ အနည္းငယ္စီ စိုက္ပ်ိဳးၾကသည္။ ျမန္မာႏိုင္ငံတြင္ ဆန္မစားဘဲ လူး၊ ဆတ္၊ ေျပာင္း တို႔ကို စားရပါက အထင္ေသးၾကသည္။

Unicode

ဆတ် အကြောင်းသိကောင်းစရာ
======================

ဆတ်ကို မြန်မာနိုင်ငံတွင် တောင်တန်းဒေသများတွင် အဓိက စိုက်ပျိုးခဲ့ပြီး မြေပြန့်ဒေသများတွင် ကွက်ကြားအနည်းငယ်ဆီ စိုက်ပျိုးကြသည်။ ၂၀၀၁ -၀၂ ခုနှစ်တွင် ချင်းပြည်နယ်တွင် ၂၂၇၇၅ ဧက စစ်ကိုင်းတိုင်းတွင် ၂၀၉၀ ဧက မန္တလေးတိုင်းတွင် ၁၄၆၈ ဧက ကချင်ပြည်နယ်တွင် ၃၄၈၀ ဧက နှင့် မကွေးတိုင်းတွင် ၂၇၉၀ ဧက စုစုပေါင်း ၂၆၉၆၀ ဧက စိုက်ခဲ့သည်။ ဆတ်မျိုး ၅မျိုး ရှိသည်။ ၎င်းတို့မှာ ဆတ်နီ၊ ကုလားဆတ်၊ ပုလဲဆတ်၊ ခွေးမြီးဖြူ၊ ခွေးမြီးနီ နှင့် ဆက်ကလေး တို့ ဖြစ်ကြသည်။

ဆတ်နီမျိုးကို တောင်ပေါ်ဒေသများတွင် အများအပြားစိုက်ပျိုးကြပြီး မြေပြန့်ဒေသ မိုးနည်းရေရှား၍ ခြောက်သွေ့သောနေရာတို့တွင် အနည်းငယ် စိုက်ပျိုးသည်။ မိုးဦးတွင် မြေကို ထွန်ယက်ပြီး ပျိုးဘောင်ပြုလုပ်၍ ပျိုးထောင်ရသည်။ ပျိုးသက် ၃၀ ရက်ခန့်ရှိလျှင် ပြောင်းရွှေ့ စိုက်ပျိုးရသည်။ ၁၅ လက်မကွာ စိုက်ကြောင်းများဆွဲ၍ တိုက်ရိုက်မျိုးစေ့ချပြီး ကြမ်းတုံးဖြင့် မြေဖုံးပေးရသည်။ တစ်ဧကလျှင် မျိုးစေ့ ၂ ပြည်ခန့် ကုန်သည်။ အပင်အမြင့် ၄ – ၅ ပေခန့်ရှိပြီး ထိပ်ဖျားတွင် လက်ချောင်းများကဲ့သို့ ၄- ၅ ချောင်းရှိ အနှံထွက်သည်။ သက်လျှင်မျိုးသည် စက်တင်ဘာလ၊ အောက်တိုဘာလတွင် ရိတ်သိမ်းရသည်။ ရိတ်သိမ်းရာတွင် အနှံများကို ဖြတ်ယူပြီး နေလှမ်း၍ ခြောက်လျှင် နွား နှင့်နယ်၍ အစေ့ထုတ်ယူရသည်။ တစ်ဧကလျှင် ၈ – ၁၂ တင်းခန့် ထွက်နိုင်သည်။ ဆတ်စေ့များကို ဖွတ်(ထောင်း) ၍ ဖြူစင်အောင် ပြာပြီး ဆတ်ပေါင်းအဖြစ်စားကြသည်။

ကုလားဆတ်ကို အထက်မြန်မာနိုင်ငံ အပူပိုင်းဇုံတွင် စိုက်ပျိုးသည်။ အပင်အမြင့် ၆ – ၇ ပေခန့်ရှိပြီး အပင်ထိပ်ဖျားတွင် အနှံလုံးတံထွက်၍ အစေ့များပါရှိသည်။ ဆူး နှင့် တူသော အမွေးများပါသည်။ ၁၉၀၅ – ၀၆ ခုနှစ်တွင် ဧရိယာဧက ၇၄၈၂၀ စိုက်ပျိုးခဲ့ရာ မြင်းခြံခရိုင်တွင် ၄၂၉၅၈ ဧက၊ မကွေးခရိုင်တွင်၂၆၅၂၀ ဧက နှင့် ကျန်ရှိသော ၅၃၁၈ဧကကို အပူပိုင်းဇုံအတွင်း နေရာအနှံ့အပြား ကွက်ကြား စိုက်ပျိုးခဲ့သည်။

ရင့်မှည့်လျှင် အနှံကို ထစ်ယူ(ဖြတ်)ပြီး၊ နေလှမ်း၍ ခြောက်သွေ့ပါက နွားနှင့် နယ်၍ အစေ့ကို ထုတ်ယူရသည်။ အစေ့ကို ဖွတ် (ထောင်း)၍ ပြာစင်ပြီး ထမင်းအဖြစ် ချက်ပြုတ်စားကြသည်။ အမှုန့်ကြိတ်၍ ကိတ်မုန့်၊ ပေါင်မုန့်၊ မုန့်ဆီကြော် ပြုလုပ်စားသောက်နိုင်သည်။ လူး၊ ဆတ်၊ ပြောင်း တို့ကို ဘီယာနှင့် အရက်ချက်လုပ်နိုင်သည်။

ပုလဲဆတ်၏ မူရင်းဒေသမှာ အာဖရိယတိုက်ဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာသည်။ အပင် အမြင့် ၁၀ – ၁၂ ပေခန့််ရှိပြီး အပင်ထိပ်ဖျား အနှံလုံးထွက်၍ အစေ့များပါရှိသည်။ မိုးဦးကျတွင် စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရည့်မှည့်သဖြင့် အသက် ရက်ပေါင်း ၁၂၀ ခန့်ရှိသည်။ စိုက်တန်းအကွာအဝေး ၁၅ လက်မ နှင့်အပင်အကွာအဝေး ၄ လက်မခန့်ထားသင့်သည်။ တစ်ဧက မျိုးစေ့နှုန်းထားမှာ ၂ ပြည်နှင့် အထွက်နှုန်းမှာ ၅ – ၈ ခန့် ဖြစ်သည်။ ရိတ်သိမ်းနယ်လှေ့ပုံမှာ အခြားဆတ်မျိုးအတိုင်းဖြစ်သည်။ ဆတ်ဆံကို ထမင်းအဖြစ်လည်းကောင်း၊ ဆတ်ဆံအမှုန့်ကို ကိတ်မှုန့်၊ ပေါင်မုန့် ပြုလုပ်၍လည်းကောင်း စားသုံးနိုင်သည်။

ခွေးမြီးဖြူ/နီကို ဂျပန်နှင့် တရုတ်နိုင်ငံတို့တွင် တရုတ်နိုင်ငံတွင် စိုက်ပျိုးခဲ့သည်မှာ နှစ်ပေါင်းထောင်ချီ၍ ကြာခဲ့ပြီဟုဆိုသည်။ မြန်မာနိုင်ငံ တွင် ရှမ်း နှင့်ကချင် တောင်တန်းများပေါ်တွင် စိုက်ပျိုးကြသည်။ ထိုဆတ်မျိုးသည် ကုန်းမြင့်ဒေသ၊ ခြောက်သွေ့သောမြေများတွင် ပိုမို ဖြစ်ထွန်းသည်။ အပင်အမြင့် ၄ – ၅ ပေခန့်ရှိပြီး အပင်ထိပ်ဖျားတွင် အနှံလုံးတံထွက်၍ အစေ့များပါရှိသည်။ အစေ့များ ရင့်မှည့်သောအခါ အနှံသည် အောက်သို့ ငိုက်၍ ကျသည်။ မေ၊ ဇွန်လ တို့တွင် စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် ရိတ်သိမ်းရသည်။

ဆတ်ကလေးကို အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ သီရိလကာၤ၊ အင်ဒိုနီရှားအရှေ့ပိုင်း နှင့် မြန်မာနိုင်ငံအနောက်ပိုင်းတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည် ။ ရင့်မှည့်သောအခါ နှံခက်သည် အောက်သို့ ငိုက်ကျသည်။

မြန်မာနိုင်ငံတွင် ဆန်နီ နှင့် ပုလဲမျိုးတို့ကို အဓိကထား၍ စိုက်ပျိုးပြီး ကျန်ရှိသော ဆတ်မျိုးများကို ခြောက်သွေ့သောမြေနေရာတွင် အနည်းငယ်စီ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ဆန်မစားဘဲ လူး၊ ဆတ်၊ ပြောင်း တို့ကို စားရပါက အထင်သေးကြသည်။





Leave a Reply

Your email address will not be published. Required fields are marked *