BREAKING NEWS

မြန်မာ့ငရုတ်သီး ဗီယက်နမ်နိုင်ငံကိုစတင်တင်ပို့သွားမည်

ယခုနှစ်ဇန်နဝါရီလကုန်မှာ မြန်မာ့ငရုတ်သီးကို ဗီယက်နမ်နိုင်ငံကိုစတင်တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
ဒီလကုန်မှာ မြန်မာပြည်အောက်ပိုင်းကထွက်ရှိတဲ့ ငရုတ်သီးမျိုးများကို ဗီယက်နမ်နိုင်ငံကိုတင်ပို့သွား မှာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော် ကပြောပါတယ်။
“ ဧရာဝတီတိုင်းဘက်ကထွက်ရှိတဲ့ ငရုတ်သီးမျိုးတွေကို ဒီလကုန်မှာစမ်းသပ်တင်ပို့ဖို့တော့လုပ် ဆောင်နေပါတယ်။ အရည်အသွေးကောင်းတယ်ဆိုရင်တော့ တင်ပို့သွားမှာပေါ့နော်။ ပို့တာကတော့ ဗီယက်နမ်နိုင်ငံကိုပဲတင်ပို့သွားမှာပါ”
မြန်မာ့ငရုတ်သီးမျိုးများဖြစ်တဲ့ ၇သုံးလုံး ၊ ဆန်းရှိုင်း နဲ့ စတားဟော့အမျိုးအစားများကို တင်ပို့သွားမှာ ဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီး ၊ ကျောက်ဆည်နဲ့ အထက်ပိုင်းဒေသများမှာ အများဆုံး စိုက်ပျိုးတာဖြစ်ကြောင်းလည်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

ျမန္မာ့ငရုတ္သီး ဗီယက္နမ္ႏိုင္ငံကိုစတင္တင္ပို႕သြားမည္
ယခုႏွစ္ဇန္နဝါရီလကုန္မွာ ျမန္မာ့ငရုတ္သီးကို ဗီယက္နမ္ႏိုင္ငံကိုစတင္တင္ပို႕သြားမွာျဖစ္ေၾကာင္း ျမန္မာ့ငရုတ္သီး ေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွသိရပါတယ္။
ဒီလကုန္မွာ ျမန္မာျပည္ေအာက္ပိုင္းကထြက္ရွိတဲ့ ငရုတ္သီးမ်ိဳးမ်ားကို ဗီယက္နမ္ႏိုင္ငံကိုတင္ပို႕သြား မွာျဖစ္တယ္လို႕ ျမန္မာ့ငရုတ္သီးေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွ ဥကၠဌ ေဒၚဥမၼာေက်ာ္ ကေျပာပါတယ္။
“ ဧရာဝတီတိုင္းဘက္ကထြက္ရွိတဲ့ ငရုတ္သီးမ်ိဳးေတြကို ဒီလကုန္မွာစမ္းသပ္တင္ပို႕ဖို႕ေတာ့လုပ္ ေဆာင္ေနပါတယ္။ အရည္အေသြးေကာင္းတယ္ဆိုရင္ေတာ့ တင္ပို႕သြားမွာေပါ့ေနာ္။ ပို႕တာကေတာ့ ဗီယက္နမ္ႏိုင္ငံကိုပဲတင္ပို႕သြားမွာပါ”
ျမန္မာ့ငရုတ္သီးမ်ိဳးမ်ားျဖစ္တဲ့ ၇သံုးလံုး ၊ ဆန္းရိႈင္း နဲ႕ စတားေဟာ့အမ်ိဳးအစားမ်ားကို တင္ပို႕သြားမွာ ျဖစ္ေၾကာင္းလည္း အဆိုပါအသင္းမွသိရပါတယ္။
ျမန္မာ့ငရုတ္သီးကို ဧရာဝတီတိုင္းေဒသႀကီး ၊ ေက်ာက္ဆည္နဲ႕ အထက္ပိုင္းေဒသမ်ားမွာ အမ်ားဆံုး စိုက္ပ်ိဳးတာျဖစ္ေၾကာင္းလည္း ျမန္မာ့ငရုတ္သီးေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွ သိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *