BREAKING NEWS

မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်သွားမည်

မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ဘက်စုံမွေးမြူရေးစခန်း (၁၀)မိုင်သင်တန်းကျောင်း ၊ပဲခူးမြို့မှာဖွင့်လှစ်သွားမှာဖြစ်ကြောင်းစိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲမှသိရပါတယ်။
အဆိုပါသင်တန်းကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့မှ ဇန်နဝါရီ၂၁ရက်နေ့အထိ မှိုမျိုးစုံမွေးမြူ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
သင်တန်းကြေးမှာအခမဲ့ဖြစ်ပြီး တက်ရောက်မယ့်သင်တန်းသားများအနေနဲ့ သင်တန်းကာလအတွင်း မှာအခမဲ့နေထိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။
မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကိုတက်ရောက်လိုသူများအနေနဲ့ ဖုန်းနံပါတ်၀၉-၇၇၅၀၈၂၈၂၄ နဲ့ ၀၉- ၂၅၄၂၃၃၇၈၉ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်းသိရပါတယ်။






Leave a Reply

Your email address will not be published. Required fields are marked *