မတ်ပဲကို အခြားနိုင်ငံများမှလည်း ဈေးကောင်းပေးဝယ်နေ

မြန်မာ့မတ်ပဲကို အိန္ဒိယအပြင် အခြားနိုင်ငံများကလည်း ဈေးကောင်းပေးဝယ်နေကြောင်း မြန်မာနိုင်ငံပဲ မျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာ့မတ်ပဲကို ဝယ်ယူတဲ့ဈေးနှုန်းအတိုင်း အခြားပြည်ပနိုင်ငံများကလည်း ဈေးကောင်းပေးဝယ်ကြပါတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြောပါတယ်။
“မတ်ပဲကို အိန္ဒိယအပြင် အခြားပြည်ပနိုင်ငံတွေကိုပါတင်ပို့နေပါတယ်။တင်ပို့မှုကတော့ နည်း တာ ပေါ့။ဒါပေမယ့်ဈေးနှုန်းကတော့ ဈေးကောင်းရင်ကောင်းသလို ကျန်တဲ့နိုင်ငံတွေကလည်း ဈေးကောင်း လိုက်ဝယ်ပေးတယ်”
မတ်ပဲကို ဘင်္ဂလားဒေ့ရှ် ၊ ပါကစ္စတန် ၊ ဒူဘိုင်း ၊ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံများ ကိုတင်ပို့ သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မတ်ပဲ FAQ /RC (2019) တစ်တန်ကို က ၁၁၄,၀၀၀ ကျပ်ဈေးနှုန်းရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းများအရသိရပါတယ်။
မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံမှအခုဘဏ္ဍာနှစ်အတွင်းတန်ချိန်(၄)သိန်းအထိဝယ်ယူသွားမှာဖြစ် ကြောင်းလည်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။

Zawgyi

မတ္ပဲကို အျခားႏိုင္ငံမ်ားမွလည္း ေစ်းေကာင္းေပးဝယ္ေန
ျမန္မာ့မတ္ပဲကို အိႏိၵယအျပင္ အျခားႏိုင္ငံမ်ားကလည္း ေစ်းေကာင္းေပးဝယ္ေနေၾကာင္း ျမန္မာႏိုင္ငံပဲ မ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွသိရပါတယ္။
အိႏိၵယႏိုင္ငံက ျမန္မာ့မတ္ပဲကို ဝယ္ယူတဲ့ေစ်းႏႈန္းအတိုင္း အျခားျပည္ပႏိုင္ငံမ်ားကလည္း ေစ်းေကာင္းေပးဝယ္ၾကပါတယ္လို႕ ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးမင္းကိုဦးကေျပာပါတယ္။
“မတ္ပဲကို အိႏိၵယအျပင္ အျခားျပည္ပႏိုင္ငံေတြကိုပါတင္ပို႕ေနပါတယ္။တင္ပို႕မႈကေတာ့ နည္း တာ ေပါ့။ဒါေပမယ့္ေစ်းႏႈန္းကေတာ့ ေစ်းေကာင္းရင္ေကာင္းသလို က်န္တဲ့ႏိုင္ငံေတြကလည္း ေစ်းေကာင္း လိုက္ဝယ္ေပးတယ္”
မတ္ပဲကို ဘဂၤလားေဒ့ရွ္ ၊ ပါကစၥတန္ ၊ ဒူဘိုင္း ၊ မေလးရွား နဲ႕ အင္ဒိုနီးရွားႏိုင္ငံမ်ား ကိုတင္ပို႕ သြားမွာျဖစ္ေၾကာင္း အဆိုပါအသင္းမွသိရပါတယ္။
မတ္ပဲ FAQ /RC (2019) တစ္တန္ကို က ၁၁၄,၀၀၀ က်ပ္ေစ်းႏႈန္းရွိေၾကာင္း ဘုရင့္ေနာင္ကုန္စည္ဒိုင္ ေစ်းႏႈန္းမ်ားအရသိရပါတယ္။
ျမန္မာ့မတ္ပဲကို အိႏိၵယႏိုင္ငံမွအခုဘ႑ာႏွစ္အတြင္းတန္ခ်ိန္(၄)သိန္းအထိဝယ္ယူသြားမွာျဖစ္ ေၾကာင္းလည္း ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *