BREAKING NEWS

ဝဥကို ဂျပန်နိုင်ငံလာရောက်ဝယ်ယူနေ

ချင်းပြည်နယ်မှထွက်ရှိနေတဲ့ ဝဥကို ပြည်ပနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကလာရောက်ဝယ်ယူနေကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
အခုလက်ရှိမှာ ဂျပန်နိုင်ငံကလာရောက်ဝယ်ယူနေတာဖြစ်ပြီး ပိဿာချိန် ၁၅၀၀၀ လောက်တင်ပို့ထားပြီဖြစ်ကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အကြံပေး ဦးဖွေးမနားကပြောပါတယ်။
“ ဂျပန်နိုင်ငံက ဆင်းပြီးတော့လာပြီးဝယ်ယူနေတာ တစ်လလောက်တော့ရှိနေပါပြီ။ပိဿာချိန် ၁၅၀၀၀ လောက်လည်းတင်ပို့နေပြီ။နောက်ထပ်လည်းထပ်မံတင်ပို့နိုင်ဖို့အတွက်လုပ်ဆောင်နေပါတယ်။ အခုလက်ရှိမှာ ဂျပန်အပြင်တရုတ်နိုင်ငံကလည်း လာရောက်ဝယ်ယူနေပါတယ်”
ဝဥမှာတရုတ်နိုင်ငံမှလည်း ဝယ်လိုအားလိုက်လာတာကြောင့် ဈေးနှုန်းမှာ ဖွင့်ဈေးထက် တစ်ပိဿာ ကျပ် ၂၀၀ဝန်းကျင်မြင့်တက်လာကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
ဝဥကို ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကိုအဓိကတင်ပို့ရောင်းချနေတာဖြစ်ကြောင်းလည်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *