BREAKING NEWS

ျမန္မာ့သီးႏွံ(၄)မ်ိဳး ပိုမိုတင္ပို႕ႏိုင္ေတာ့မည္

ျမန္မာ့သီးႏွံ(၄)မ်ိဳးျဖစ္တဲ့ သရက္သီး ၊ ဖရဲသီး ၊ သခြားေမႊးနဲ႕ကုလားဇီးသီးမ်ားကိုတင္ပို႕ႏိုင္ရန္ ဂိတ္ ေပါက္မ်ား ထပ္မံခြင့္ျပဳလိုက္တဲ့အတြက္ ပိုမိုတင္ပို႕ ႏုိင္ေတာ့ မွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ သစ္သီး ဝလံပန္းမာန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္း ခ်သူမ်ားအသင္းမွသိရပါတယ္။
ယခင္ကသီးႏွံေလးမ်ိဳးကို သတ္မွတ္ဂိတ္မ်ားကေနတင္ပို႕ခဲ့ရာမွ အျခားျပည္နယ္ဂိတ္မ်ားမွာပါ တရား ဝင္တင္သြင္းခြင့္ျပဳလိုက္တာေၾကာင့္ ပိုမိုတင္သြင္းႏိုင္ေတာ့မွာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံသစ္သီးဝလံ ပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ ဥကၠဌ ဦးစိုးသန္းမင္း ဒင္ကေျပာပါတယ္။
“ခြင့္ျပဳထားတဲ့ သီးႏွံေတြကိုပဲ ဂိတ္ေပါက္ေတြတိုးေပးတာ။အရင္က မူဆယ္-ေရႊလီ တစ္ေပါက္ တည္း သြားတာ။ ဂိတ္ေပါက္ေတြထပ္တိုးေပးတဲ့အတြက္ သီးႏွံေတြလည္းပိုမိုတင္ပို႕ႏိုင္ေတာ့မွာပါ”
တရုတ္ႏိုင္ငံကို တရားဝင္တင္ပို႕ခြင့္ရထားတဲ့ သီးႏွံမ်ားျဖစ္တဲ့ သရက္သီး ၊ ဖရဲသီး ၊ သခြားေမႊး နဲ႕ကုလားဇီးသီးကို ထပ္မံခြင့္ျပဳလိုက္တဲ့ဂိတ္မ်ားမွာပါပိုမိုတိုးခ်ဲ႕တင္ပို႕ခြင့္ရေတာ့မွာျဖစ္ေၾကာင္း အသင္းမွသိရပါတယ္။
ယခင္ကျမန္မာ့သီးႏွံမ်ားကို မူဆယ္-ေရႊလီ နဲ႕ မိုင္းလား-တာေလာ့ဂိတ္စတဲ့ ဂိတ္(၂)ခု မွသာတင္ပို႕ ႏိုင္ရန္ ကန္႕သတ္မႈရွိခဲ့ရာမွ ထပ္မံခြင့္ျပဳလိုက္တဲ့ဂိတ္မ်ားမွာပါတင္ပို႕ခြင့္ရေတာ့မွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသစ္သီး ဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ား အသင္းမွသိရပါတယ္။

Zawgyi

မြန်မာ့သီးနှံ(၄)မျိုး ပိုမိုတင်ပို့နိုင်တော့မည်
မြန်မာ့သီးနှံ(၄)မျိုးဖြစ်တဲ့ သရက်သီး ၊ ဖရဲသီး ၊ သခွားမွှေးနဲ့ကုလားဇီးသီးများကိုတင်ပို့နိုင်ရန် ဂိတ် ပေါက်များ ထပ်မံခွင့်ပြုလိုက်တဲ့အတွက် ပိုမိုတင်ပို့ နိုင်တော့ မှာဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီး ဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း ချသူများအသင်းမှသိရပါတယ်။
ယခင်ကသီးနှံလေးမျိုးကို သတ်မှတ်ဂိတ်များကနေတင်ပို့ခဲ့ရာမှ အခြားပြည်နယ်ဂိတ်များမှာပါ တရား ဝင်တင်သွင်းခွင့်ပြုလိုက်တာကြောင့် ပိုမိုတင်သွင်းနိုင်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်း ဒင်ကပြောပါတယ်။
“ခွင့်ပြုထားတဲ့ သီးနှံတွေကိုပဲ ဂိတ်ပေါက်တွေတိုးပေးတာ။အရင်က မူဆယ်-ရွှေလီ တစ်ပေါက် တည်း သွားတာ။ ဂိတ်ပေါက်တွေထပ်တိုးပေးတဲ့အတွက် သီးနှံတွေလည်းပိုမိုတင်ပို့နိုင်တော့မှာပါ”
တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရထားတဲ့ သီးနှံများဖြစ်တဲ့ သရက်သီး ၊ ဖရဲသီး ၊ သခွားမွှေး နဲ့ကုလားဇီးသီးကို ထပ်မံခွင့်ပြုလိုက်တဲ့ဂိတ်များမှာပါပိုမိုတိုးချဲ့တင်ပို့ခွင့်ရတော့မှာဖြစ်ကြောင်း အသင်းမှသိရပါတယ်။
ယခင်ကမြန်မာ့သီးနှံများကို မူဆယ်-ရွှေလီ နဲ့ မိုင်းလား-တာလော့ဂိတ်စတဲ့ ဂိတ်(၂)ခု မှသာတင်ပို့ နိုင်ရန် ကန့်သတ်မှုရှိခဲ့ရာမှ ထပ်မံခွင့်ပြုလိုက်တဲ့ဂိတ်များမှာပါတင်ပို့ခွင့်ရတော့မှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီး ဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *