BREAKING NEWS

ရွမ္းျပည္နယ္စိုက္ပ်ိဳးေရး စံုညီပြဲေတာ္ပထမဦးဆံုးအႀကိမ္ ျပဳလုပ္က်င္းပသြားမည္

ယခုလအတြင္း ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးစံုညီပြဲေတာ္ကို ပထမဆံုးအႀကိမ္ ျပဳလုပ္က်င္းပသြားမွာျဖစ္ ေၾကာင္း ရွမ္းျပည္နယ္ ၊ ျပည္နယ္ဦးစီးမွဴးရံုးမွသိရပါတယ္။
ရွမ္းျပည္နယ္တစ္ခုလံုးကိုယ္စားျပဳၿပီး ထြက္ရွိတဲ့စိုက္ပ်ိဳးသီးႏွံမ်ားကို ျပသလိုတဲ့ရည္ရြယ္ခ်က္နဲ႕ ပထမ ဆံုးအႀကိမ္ျပဳလုပ္တာျဖစ္ေၾကာင္း ရွမ္းျပည္နယ္ ၊ ျပည္နယ္ဦးစီးမွဴးရံုးမွ ဒုုျပည္နယ္ဦးစီးမွဴး ဦးတင္ဦးကေျပာပါတယ္။
“ ရွမ္းျပည္နယ္တစ္ခုလံုးကထြက္ရွိတဲ့ အသီးအႏွံေတြ ၊ ဟင္းသီးဟင္းရြက္ေတြ ျပသသြားမယ္။ သင္တန္းေတြလည္းပါဝင္သြားမယ္။ ၿပီးေတာ့ လယ္ထြန္စက္ေတြပါ ပါဝင္ျပသသြားမယ္။ ရွမ္းျပည္နယ္ ကေတာင္သူေတြကိုလည္း အားလံုးဖိတ္ေခၚသြားမွာပါ”
ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးစံုညီပြဲေတာ္ကို ဟဲဟိုး ၊အင္းေကာင္းျခံမွာ ဒီဇင္ဘာလ၂၂ ရက္မွ ၂၄ ရက္ေန႕ ထိ ျပဳလုပ္က်င္းပသြားမွာျဖစ္ေၾကာင္းအဆိုပါရံုးမွသိရပါတယ္။
အဆိုပါပြဲေတာ္မွာ ပူးေပါင္းပါဝင္ျပသလိုတဲ့ ကုမၸဏီမ်ား ၊ သီးႏွံအလိုက္အစုအဖြဲ႕မ်ား ၊ တန္ဖိုးျမင့္ထုတ္ ကုန္ထုတ္လုပ္လ်က္ရွိသည့္ စက္ရံု ၊ အလုပ္ရံု ၊ လုပ္ငန္းရွင္မ်ားအေနနဲ႕ ဖုန္းနံပါတ္ ၀၉- ၂၅၆၀ ၅၆ ၀၆၁ ၊ ၀၉၄၂၈၃၁၀၅၁၅ ၊ ၀၉- ၅၂၈၀၁၇၃ နဲ႕ ၀၉- ၄၂၀၇၀၀ ၄၁၄ကိုဆက္သြယ္ စံုစမ္းေမးျမန္း ႏိုင္ေၾကာင္းသိရပါတယ္။

Zawgyi

ရှမ်းပြည်နယ်စိုက်ပျိုးရေး စုံညီပွဲတော်ပထမဦးဆုံးအကြိမ် ပြုလုပ်ကျင်းပသွားမည်
ယခုလအတွင်း ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်ကို ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပသွားမှာဖြစ် ကြောင်း ရှမ်းပြည်နယ် ၊ ပြည်နယ်ဦးစီးမှူးရုံးမှသိရပါတယ်။
ရှမ်းပြည်နယ်တစ်ခုလုံးကိုယ်စားပြုပြီး ထွက်ရှိတဲ့စိုက်ပျိုးသီးနှံများကို ပြသလိုတဲ့ရည်ရွယ်ချက်နဲ့ ပထမ ဆုံးအကြိမ်ပြုလုပ်တာဖြစ်ကြောင်း ရှမ်းပြည်နယ် ၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုပြည်နယ်ဦးစီးမှူး ဦးတင်ဦးကပြောပါတယ်။
“ ရှမ်းပြည်နယ်တစ်ခုလုံးကထွက်ရှိတဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေ ပြသသွားမယ်။ သင်တန်းတွေလည်းပါဝင်သွားမယ်။ ပြီးတော့ လယ်ထွန်စက်တွေပါ ပါဝင်ပြသသွားမယ်။ ရှမ်းပြည်နယ် ကတောင်သူတွေကိုလည်း အားလုံးဖိတ်ခေါ်သွားမှာပါ”
ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်ကို ဟဲဟိုး ၊အင်းကောင်းခြံမှာ ဒီဇင်ဘာလ၂၂ ရက်မှ ၂၄ ရက်နေ့ ထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းအဆိုပါရုံးမှသိရပါတယ်။
အဆိုပါပွဲတော်မှာ ပူးပေါင်းပါဝင်ပြသလိုတဲ့ ကုမ္ပဏီများ ၊ သီးနှံအလိုက်အစုအဖွဲ့များ ၊ တန်ဖိုးမြင့်ထုတ် ကုန်ထုတ်လုပ်လျက်ရှိသည့် စက်ရုံ ၊ အလုပ်ရုံ ၊ လုပ်ငန်းရှင်များအနေနဲ့ ဖုန်းနံပါတ် ၀၉- ၂၅၆၀ ၅၆ ၀၆၁ ၊ ၀၉၄၂၈၃၁၀၅၁၅ ၊ ၀၉- ၅၂၈၀၁၇၃ နဲ့ ၀၉- ၄၂၀၇၀၀ ၄၁၄ကိုဆက်သွယ် စုံစမ်းမေးမြန်း နိုင်ကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *