BREAKING NEWS



Zawgyi

ဖရဲဈေးနှုန်းများမြင့်တက်လာ
ယခုလဆန်းပိုင်းအတွင်းမြန်မာ့ဖရဲဈေးနှုန်းများမှာ မြင့်တက်လာကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
တရုတ်ဘက်မှဝယ်လိုအားလိုက်လာတာကြောင့် မြန်မာ့ဖရဲဈေးနှုန်းများမှာ အရင်လထက်မြင့်တက်လာ တာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။
“ တရုတ်ဘက်ကရာသီချိန်မဟုတ်တော့ဘူး။အထွက်နည်းသွားတဲ့အတွက် ဒီဘက်မှာ ပြန်ပြီးတော့ ဝယ်လိုအားလိုက်လာတယ်။ အရင်လတွေကထက် ယွမ်၁၀၀၀လောက်တက်လာတယ်။သူတို့ ဘက်က အဝယ်လိုက်လာတော့ ဈေးကတက်လာတာပါ”
မြန်မာ့ဖရဲဈေးနှုန်းများမှာ အရင်လများထက် ဖရဲတစ်တန်ကို ယွမ် ၁၅၀၀ ဝန်းကျင်ရှိရာမှ ယွမ် ၂၅၀၀ ဝန်းကျင် တက်လာကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ဖရဲကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *