BREAKING NEWS

မြန်မာ့သခွားဈေးနှုန်းများတက်လာ

ယခုလအတွင်း မြန်မာ့သခွားဈေးနှုန်းများမှာ အဝယ်လိုက်လာတဲ့အတွက် ဈေးနှုန်းတက်လာတယ်လို့ မြန်မာနိုင်ငံဖရဲ၊သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တရုတ်ဘက်မှ သခွားများမထွက်ရှိတော့တာကြောင့်ဝယ်လိုအားလိုက်လာပြီး ဈေးနှုန်းများမှာ တက် လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။
“ သူတို့ဘက်က သခွားကိုစိုက်လို့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့ ၈ဒီဂရီအောက်ဆိုစိုက်လို့မ ရတော့ဘူး။အဲဒါကြောင့် သခွားအထွက်နည်းသွားတဲ့အချိန်မှာ ပြန်ပြီးဝယ်လိုအားလိုက်လာတဲ့အတွက် ဈေးနှုန်းတက်လာတာပါ”
သခွားဈေးနှုန်းများမှာ ယခင်လအတွင်းက သခွားတစ်တန်ကို ၁၅၀၀ ဝန်းကျင်ရှိခဲ့ပြီး အခုလဆန်းပိုင်း အတွင်းသခွားတစ်တန်ကို ၂၅၀၀ ဝန်းကျင်ဖြင့် ဈေးနှုန်းများတက်လာကြောင်း အဆိုပါအသင်းမှသိရ ပါတယ်။
မြန်မာ့သခွားကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေပြီး တစ်နေ့လျှင် ကားအစီးရေ (၇၀)ဝန်းကျင် တင်ပို့နေရကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါ တယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *