အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံမှ ဝယ်ယူရန်ကမ်းလှမ်း

မြန်မာနိုင်ငံမှာထွက်ရှိတဲ့ အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံမှ ဝယ်ယူရန်ကမ်းလှမ်းခဲ့ကြောင်း မြန်မာ နိုင်ငံပြောင်းလုပ်ငန်းအသင်းမှသိရပါတယ်။
ယခုလအတွင်းမှာ ထိုင်းနိုင်ငံမှ မြန်မာ့အစေ့ထုတ်ပြောင်း ၁.၂၅ တန်ဝယ်ယူရေး အတွက် ကမ်းလှမ်း ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှဥက္ကဌ ဦးမင်းခိုင်ကပြောပါတယ်။
“ ထိုင်းနိုင်ငံကိုတင်ပို့နိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းနေတယ်။သူတို့ဘက်က မှာတာကတော့ ၁.၂၅ တန်လိုချင်တယ်။ အစေ့ထုတ်ပြောင်းတင်ပို့ဖို့အတွက်ကိုလည်း လာမယ့် နှစ်ပတ်အတွင်းမှာ စာချုပ် ချုပ်ဆို သွားပါမယ်”
အစေ့ထုတ်ပြောင်းကိုတင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနဲ့ ထိုင်းနိုင်ငံကုန်သည်အစုအဖွဲ့အသင်းကြီးတို့မှ သဘောတူစာ ချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့အစေ့ထုတ်ပြောင်းကို တရုတ်နဲ့ထိုင်းနိုင်ငံကိုပြည်ပဈေးကွက်အနေနဲ့ တင်ပို့တာဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်း မှသိရပါတယ်။

Zawgyi

အေစ့ထုတ္ေျပာင္းကို ထုိုင္းႏိုင္ငံမွ ဝယ္ယူရန္ကမ္းလွမ္း
ျမန္မာႏိုင္ငံမွာထြက္ရွိတဲ့ အေစ့ထုတ္ေျပာင္းကို ထိုင္းႏိုင္ငံမွ ဝယ္ယူရန္ကမ္းလွမ္းခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံေျပာင္းလုပ္ငန္းအသင္းမွသိရပါတယ္။
ယခုလအတြင္းမွာ ထိုင္းႏိုင္ငံမွ ျမန္မာ့အေစ့ထုတ္ေျပာင္း ၁.၂၅ တန္ဝယ္ယူေရး အတြက္ ကမ္းလွမ္း ခဲ့တာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းမွဥကၠဌ ဦးမင္းခိုင္ကေျပာပါတယ္။
“ ထိုင္းႏိုင္ငံကိုတင္ပို႕ႏိုင္ဖို႕အတြက္ ေဆြးေႏြးညိွႏိႈင္းေနတယ္။သူတို႕ဘက္က မွာတာကေတာ့ ၁.၂၅ တန္လိုခ်င္တယ္။ အေစ့ထုတ္ေျပာင္းတင္ပို႕ဖို႕အတြက္ကိုလည္း လာမယ့္ ႏွစ္ပတ္အတြင္းမွာ စာခ်ဳပ္ ခ်ဳပ္ဆို သြားပါမယ္”
အေစ့ထုတ္ေျပာင္းကိုတင္ပို႕ႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံစီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ၊ ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းနဲ႕ ထိုင္းႏိုင္ငံကုန္သည္အစုအဖြဲ႕အသင္းႀကီးတို႕မွ သေဘာတူစာ ခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္း အဆိုပါအသင္းမွသိရပါတယ္။
ျမန္မာ့အေစ့ထုတ္ေျပာင္းကို တရုတ္နဲ႕ထိုင္းႏိုင္ငံကိုျပည္ပေစ်းကြက္အေနနဲ႕ တင္ပို႕တာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေျပာင္း လုပ္ငန္းအသင္း မွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *