ဝဥဈေးနှုန်းတက်လာ

ယခုလဆန်းပိုင်းအတွင်း ဝဥဈေးနှုန်းများမှာ ဝယ်လိုအားတက်လာတဲ့အတွက် ဈေးနှုန်းတက်လာတာ ဖြစ်ကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
တရုတ်ဘက်မှ ဝဥကို အဝယ်လိုက်လာတဲ့အတွက် ဈေးနှုန်းများမှာအဖွင့်ဈေးထက်တက်လာတာဖြစ် တယ်လို့ ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အကြံပေး ဦးဖွေးမနား ကပြောပါတယ်။
“ဝဥက အရင်ဖွင့်ချိန်ကဈေးထက် တစ်ပိဿာကို ၂၀၀ တက်လာတယ်။ အခုလက်ရှိအချိန်မှာပဲ တရုတ် ဘက်က ဝဥကို ဝယ်လိုအားလိုက်လာတဲ့အတွက် ဈေးနှုန်းကတက်လာတာပါ။ဒီဇင်ဘာလအတွင်းမှာပဲ နောက်ထပ်ဈေးနှုန်းထပ်တက်ဦးမယ်လို့ ထင်ပါတယ်”
ဝဥဈေးနှုန်းများမှာ ယခင်တစ်ပိဿာကို ၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်းဖွင့်ခဲ့ရာမှ အခုလက်ရှိမှာ တစ်ပိဿာ ကို ၁၇၀၀ ကျပ်ဖြင့် ဈေးနှုန်းတက်လာကြောင်းအဆိုပါအသင်းမှသိရပါတယ်။
ဝဥကို ချင်းပြည်နယ်မှာ အဓိကစိုက်ပျိုးတာဖြစ်ပြီး အခြားတိုင်းနဲ့ပြည်နယ်များမှာလည်း စိုက်ပျိုးရန် စီစဉ်လုပ်ဆောင်နေကြောင်းလည်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှသိရပါတယ်။

Zawgyi

ဝဥဈေးနှုန်းတက်လာ

=========================





Leave a Reply

Your email address will not be published. Required fields are marked *