ရာဘာ ၊ပျိုးပင် နဲ့ပျိုးစေ့များ တင်သွင်းခြင်းကို ပိတ်ပင်ထား

အိမ်နီးချင်းနိုင်ငံများမှ ရာဘာပင်များမှာ မှိုရောဂါတစ်မျိုးဖြစ်တဲ့ Pestalotiopsis spp ကျရောက်နေ တဲ့အတွက် ရော်ဘာအစိတ်အပိုင်းများကို တင်သွင်းခြင်းပိတ်ပင်ထားကြောင်း ကရင်ပြည်နယ် ပြည်နယ်ဦးစီးမှူးရုံးမှသိရပါတယ်။
အခုလက်ရှိအချိန်မှာ ရာဘာ နဲ့ပတ်သတ်တဲ့ ပျိုးပင် ၊ ပျိုးကိုင်း ၊ မျိူးစေ့အပါအဝင် အပင်အစိတ်အပိုင်း အားလုံး တင်သွင်းခြင်းကို ပိတ်ပင်ထားတဲ့ ကြေငြာချက်ထုတ်ပြန်ထားတယ်လို့ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်ကပြောပါတယ်။
“ရာဘာ ပျိုးပင်တွေ တင်သွင်းခြင်းကို ပိတ်ပင်ထားဖို့စာတော့ထွက်ထားပေးပါတယ်။ သက်ဆိုင်ရာ ဌာနတွေကိုလည်းအကြောင်းကြားပေးထားပါတယ်။တောင်သူတွေကိုလည်း အသိပေးမှုတွေလုပ်ပါတ ယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ရော်ဘာပင်တွေမှာလည်း မှိုရောဂါကျရောက်နေတဲ့အပေါ် သတင်းအရစုံ စမ်းနေပါတယ်”
ရောဂါလက္ခဏာကျရောက်နေမှုများကိုလည်း သက်ဆိုင်ရာသီးနှံကာကွယ်ရေးဌာနများနဲ့ ညှိနှိုင်းဆွေး နွေးလုပ်ဆောင်နေကြောင်းလည်း အဆိုပါရုံးမှသိရပါတယ်။
ရာဘာပင်များမှာကျရောက်နေတဲ့ မှိုရောဂါတစ်မျိုးဖြစ်တဲ့ Pestalotiopsis sppကို မြန်မာနိုင်ငံအတွင်း သို့ ဝင်ရောက်မကူးစက်စေရန် နိုင်ငံတကာလေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်များမှ ရော်ဘာပျိုးပင်အပါအ ဝင်အပင်အစိတ်အပိုင်းများဝင်ရောက်မှုအပေါ်စိစစ်ကြပ်မတ်ရန်နဲ့ရောဂါကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နိုင်ရေးကို အသိပေးအကြောင်းကြားစာများထုတ်ပြန်ထားကြောင်းလည်းသိရပါတယ်။

Zawgyi

ရာဘာ ၊ပ်ိဳးပင္ နဲ႔ပ်ိဳးေစ့မ်ား တင္သြင္းျခင္းကို ပိတ္ပင္ထား
အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ရာဘာပင္မ်ားမွာ မႈိေရာဂါတစ္မ်ိဳးျဖစ္တဲ့ Pestalotiopsis spp က်ေရာက္ေန တဲ့အတြက္ ေရာ္ဘာအစိတ္အပိုင္းမ်ားကို တင္သြင္းျခင္းပိတ္ပင္ထားေၾကာင္း ကရင္ျပည္နယ္ ျပည္နယ္ဦးစီးမႉး႐ုံးမွသိရပါတယ္။
အခုလက္ရွိအခ်ိန္မွာ ရာဘာ နဲ႔ပတ္သတ္တဲ့ ပ်ိဳးပင္ ၊ ပ်ိဳးကိုင္း ၊ မ်ိဴးေစ့အပါအဝင္ အပင္အစိတ္အပိုင္း အားလုံး တင္သြင္းျခင္းကို ပိတ္ပင္ထားတဲ့ ေၾကျငာခ်က္ထုတ္ျပန္ထားတယ္လို႔ ျပည္နယ္ဦးစီးမႉး ဦးသန္းထိုက္ကေျပာပါတယ္။
“ရာဘာ ပ်ိဳးပင္ေတြ တင္သြင္းျခင္းကို ပိတ္ပင္ထားဖို႔စာေတာ့ထြက္ထားေပးပါတယ္။ သက္ဆိုင္ရာ ဌာနေတြကိုလည္းအေၾကာင္းၾကားေပးထားပါတယ္။ေတာင္သူေတြကိုလည္း အသိေပးမႈေတြလုပ္ပါတ ယ္။ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ ေရာ္ဘာပင္ေတြမွာလည္း မႈိေရာဂါက်ေရာက္ေနတဲ့အေပၚ သတင္းအရစုံ စမ္းေနပါတယ္”
ေရာဂါလကၡဏာက်ေရာက္ေနမႈမ်ားကိုလည္း သက္ဆိုင္ရာသီးႏွံကာကြယ္ေရးဌာနမ်ားနဲ႔ ညႇိႏႈိင္းေဆြး ေႏြးလုပ္ေဆာင္ေနေၾကာင္းလည္း အဆိုပါ႐ုံးမွသိရပါတယ္။
ရာဘာပင္မ်ားမွာက်ေရာက္ေနတဲ့ မႈိေရာဂါတစ္မ်ိဳးျဖစ္တဲ့ Pestalotiopsis sppကို ျမန္မာႏိုင္ငံအတြင္း သို႔ ဝင္ေရာက္မကူးစက္ေစရန္ ႏိုင္ငံတကာေလဆိပ္နဲ႔ နယ္စပ္ဝင္ေပါက္မ်ားမွ ေရာ္ဘာပ်ိဳးပင္အပါအ ဝင္အပင္အစိတ္အပိုင္းမ်ားဝင္ေရာက္မႈအေပၚစိစစ္ၾကပ္မတ္ရန္နဲ႔ေရာဂါႀကိဳတင္ကာကြယ္ေရးမ်ား ေဆာင္႐ြက္ႏိုင္ေရးကို အသိေပးအေၾကာင္းၾကားစာမ်ားထုတ္ျပန္ထားေၾကာင္းလည္းသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *