Bamboo Based Agro- foresty သင်တန်းဖွင့်လှစ်သွားမည်

Bamboo Based Agro- foresty သင်တန်းကို နိုဝင်ဘာလ(၃၀)ရက်နေ့မှာ ဒီဇင်ဘာလ(၁)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကြောင်းမြန်မာသြဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါ တယ်။
သြဂဲနစ်သီးနှံအထောက်အကူပြုစေတဲ့ရည်ရွယ်ချက်နဲ့ သစ်တောသီးနှံရောနှော စိုက်ပျိုးခြင်းကို သင်ကြားပေးသွားမှာဖြစ်ကြောင်း မြန်မာသြဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေး မှူး ဦးလှဟန်ကပြောပါတယ်။
“သစ်တောသီးနှံရောနှောစိုက်ပျိုးခြင်းသင်တန်းကတော့ သြဂဲနစ်သီးနှံအထောက်အကူပြုစေတဲ့ ရည် ရွယ်ချက်ပါ။ သစ်တောမြေဆိုတာကလည်း ဓါတ်မြေသြဇာမပါဘူး လေ။သစ်ပင်စိုက်ရင်တစ် ဖက်က လည်းဝင်ငွေရအောင်လို့ အတွက် စိုက်ပျိုးနည်းသင်ပေးတာပါ”
အဆိုပါသင်တန်းကို နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သဘာဝတရားရိပ် သာ ၊ သန်လျင်မြို့နယ် Eco- System Traning Center မှာ သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
Bamboo Based Agro- foresty သင်တန်းမှာ အခမဲ့ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေနဲ့ ဖုန်းနံပါတ် ၀၉- ၄၀၄၈၈၁၁၆၁ နဲ့၀၉- ၂၅၂၅၄၁၅၀၅ ကိုဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *