ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်ပင်များမိုးရေထိမှုကြောင့် ထိခိုက်ပျက်စီး
ယခုလဆန်းပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးရွာသွန်းမှုကြောင့် င ရုတ်ပင်များထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါတယ်။
မိုးရွာသွန်းမှုကြောင့်ငရုတ်အပင်များညိုးကာ ထိခိုက်ပျက်စီးမှုများရှိသွားကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ ဟိုးတလော က မိုးရွာသွန်းလိုက်တော့ ဧရာဝတီတိုင်းဒေသကြီး အတွင်းထဲမှာ စိုက်ထားတဲ့ ငရုတ် ပင်တော်တော်များများ ထိခိုက်ပျက်စီးမှုတွေရှိလာတယ်။ အပင်တွေညိုးလာတယ်။ အပင်တွေကတက် လည်းမလာတော့ဘူး”
မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုရှိတဲ့ ငရုတ်ပင်များကို ပြန်လည်ပြုပြင်စိုက်ပျိုးနေတယ်လို့ ညောင်တုန်းမြို့နယ်မှ ငရုတ်စိုက်တောင်သူ ဦးစောဆန်းက ပြောပါတယ်။
“ မိုးတွေရွာလိုက်တော့ ငရုတ်ပင်တွေတော်တော်များများထိ ခိုက်သွားတယ်။အခုတော့ တောင်သူတွေ အကုန်လုံးက ပြန်ပြီးတော့ ပြုပြင်စိုက်ပျိုးနေပါတယ်”
မြန်မာ့ငရုတ်ကို ဧရာဝတီတိုင်းဒေသကြီးမှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး ကျောက်ဆည်မှာလည်း စိုက်ပျိုးကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်ကို ပြည်ပဈေးကွက်နိုင်ငံများကိုလည်း တင်ပို့နေကြောင်း ငရုတ်သီးဈေးကွက်နှင့်နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
Zawgyi
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်သီးများမိုးရေထိမှုကြောင့် ထိခိုက်ပျက်စီး
ယခုလဆန်းပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်သီးများ မိုးရွာသွန်းမှုကြောင့် င ရုတ်သီးများထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *