သီးနှံများရဲ့ အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် သုတေသနဆောင်ရွက်သွား မည်

သီးနှံများရဲ့ အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် တရုတ်နိုင်ငံ Guangxi Institute of Standards and Technology (GXIST) အဖွဲ့နဲ့ သုတေသန ဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။

သီးနှံ(၃)မျိုးဖြစ်တဲ့ ပဲပုပ် ၊ ပြောင်းနဲ့ ဖရဲသီးနှံများရဲ့အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီး သုတေသနဆောင်ရွက်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦး စီးဌာနမှ ဒုတိယညွှန်ကြားရေးမှုူးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။

“ အခုကသီးနှံတွေရဲ့ စံချိန်စံညွှန်းတွေဖော်ဆောင်နိုင်ဖို့အတွက် သုတေသနနဲ့နည်းပညာတွေကို တရုတ်နိုင်ငံကအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ သုတေသနဆောင်ရွက်သွားမှာပါ။ ပြောင်း ၊ ဖရဲနဲ့ ပဲပုပ် တွေကို အခုလက်ရှိမှာလည်း သုတေသနပြုဆောင်ရွက်နေပါတယ်”

ပဲပုပ်သီးနှံ(၅)မျိုး ၊ ဖရဲမျိုး (၃)မျိုး နဲ့ ပြောင်းသီးနှံ(၁၈)မျိုးတို့ကို သုတေသနပြုဆောင်ရွက်နေတာ ဖြစ် ကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။

အဆိုပါသုတေသနမှာ တရုတ်- မြန်မာနှစ်နိုင်ငံအကြား သီးနှံစံချိန်စံညွှန်းများသတ်မှတ်ရေး ၊ သုတေသ နများအကျိုးတူ ဆောင်ရွက်နိုင်ရေး နဲ့အကောင်အထည်ဖော်နိုင်ရေးတို့အတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနဲ့ Guangxi Institute of Standards and Technology (GXIST) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။

Zawgyi

သီးနှံ(၃)မျိုးဖြစ်တဲ့ ပဲပုပ် ၊ ပြောင်းနဲ့ ဖရဲသီးနှံများရဲ့အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီး သုတေသနဆောင်ရွက်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦး စီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *