ရန်ကုန်မြို့မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ဝါးတန်းလမ်းကုန် စည်ဒိုင်ရဲ့ ယခုတစ်ပတ် ဆန်လက် ကားဈေးနှုန်းများ အရဆန်ချော ဈေးနှုန်းမှာတည်ငြိမ်နေပြီး ဆန်ကြမ်းဈေးနှုန်းများမှာ ကျဆင်းလာကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်မှ သိရပါတယ်။
ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ၃၈၀၀၀ကျပ် ၊ လတ်စတစ်အိတ်မှာ ကျပ် ၃၇၀၀၀ ကျပ် ၊ (မြောင်းမြ၊ပုသိမ်) ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်မှာ ကျပ်၄၂၀၀၀၊ လတ်စ တစ် အိတ်မှာ ၄၀၀၀၀ ကျပ် ၊ ဒေးဒရဲပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်း မှာ ကျပ် ၃၈၀၀၀၊ လတ် စ တစ်အိတ်မှာကျပ် ၃၆၀၀၀ ရှိပြီးတစ်ပတ် အတွင်း ဆန်ချောဈေးနှုန်းများမှာတည်ငြိမ်နေကြောင်းသိရ ပါတယ်။
ဧည့်မထမိုးဆန်ထိပ်စတစ်အိတ်ကို ကျပ် ၁၉၅၀၀ ၊ လတ်စ တစ်အိတ် ကို ကျပ် ၁၉၃၀၀ ၊ ငစိန် ထိပ်စ တစ်အိတ်ကို ကျပ် ၁၈၅၀၀ ၊လတ်စ တစ်အိတ်ကို ကျပ် ၁၈၂၀၀ ရှိပြီးတစ်အိတ်ကို ကျပ်၁၂၀၀ဝန်းကျင်ကျဆင်းသွားပြီး တစ်ပတ် အတွင်း ဆန်ကြမ်း ဈေးနှုန်းများ မှာကျဆင်းလာကြောင်းသိရပါတယ်။
မိုးသုခရှယ်တစ်အိတ်ကျပ် ၂၆၀၀၀ ၊လတ်စ တစ်အိတ် ကျပ် ၂၅၀၀၀ နဲ့ပေါ်ဆန်းရှယ်ထိပ်စ တစ် အိတ်ကျပ် ၄၀၀၀၀၊ လက်စ တစ်အိတ်ကို ၃၉၀၀၀ကျပ် ရှိပြီးဝါးတန်း လမ်းကုန်စည်ဒိုင်ကို ဆန် အဝင်ပုံမှန် ရှိနေကာ အရောင်းအဝယ်ပုံ မှန်ရှိ နေကြောင်း သိရပါတယ်။
Zawgyi
တစ်ပတ်အတွင်းဆန်ဈေးနှုန်းတင်ပြချက်
သိရပါတယ်။
ပါတယ်။