အစေ့ထုတ်ပြောင်းထိုင်းနိုင်ငံတင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုသွားမည်

မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကိုတရားဝင်တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုသွားမှာဖြစ် ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။

ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်းအကန့်အသတ်မရှိတင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုသွားမှာဖြစ် တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌဦးမင်းခိုင်ကပြော ပါတယ်။

“ထိုင်းနိုင်ငံကိုလအကန့်အသတ်မရှိတင်ပို့နိုင်ရေးအတွက် အခုလာမယ့်(၃၀)ရက်နေ့မှာ တင်သွင်း ခွင့်ရဖို့အတွက် MoU စာချုပ်ချုပ်တာပါ။စာချုပ်ချုပ်ဆိုနိုင်ဖို့ အတွက်လည်းသဘောတူညီမှု တွေညှိ နှိုင်းဦးမယ်။စာချုပ်ချုပ်ပြီးသွားရင်တော့ တင်သွင်းခွင့်ရမှာပါ။ ကုန်သည်အစုအဖွဲ့ အသင်းကြီးကနေ တာဝန်ခံပြီးတော့ပြန်ဝယ်မှာ”

ထိုင်းနိုင်ငံကိုအစေ့ထုတ်ပြောင်းတင်ပို့နိုင်ရေးအတွက်နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ နဲ့ ထိုင်းနိုင်ငံကုန် သည်အစုအဖွဲ့အသင်းကြီးတို့မှ သဘောတူစာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းအဆိုပါအသင်းမှ သိရ ပါတယ်။

အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံကိုတင်ပို့နေတာဖြစ်ပြီး အခုလက်ရှိအချိန်မှာ တရုတ် နိုင်ငံရဲ့ ပေါ်လစီများကြောင့် တင်ပို့ခွင့်မရရှိသေးတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။

Zawgyi

ထိုင်းနိုင်ငံကိုအစေ့ထုတ်ပြောင်းတင်ပို့နိုင်ရေးအတွက်နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း နဲ့ ထိုင်းနိုင်ငံကုန် သည်အစုအဖွဲ့အသင်းကြီးတို့မှ သဘောတူစာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းအဆိုပါအသင်းမှ သိရ ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *