အစေ့ထုတ်ပြောင်းဈေးနှုန်း တည်ငြိမ်နေ

ယခုလအတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်းမှာတည်ငြိမ်နေကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။

ပြည်ပနိုင်ငံကို အစေ့ထုတ်ပြောင်းတင်ပို့မှုရပ်တန့်နေတဲ့အတွက် ပြည်တွင်းပြောင်းဈေးနှုန်းမှာတည်ငြိမ်နေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးမင်းခိုင်ကပြောပါ တယ်။

“ အစေ့ထုတ်ပြောင်းက ပြည်တွင်းပဲရောင်းအားရှိတယ်။ ပြည်ပဝယ်လိုအားမရှိသေးဘူး။တရုတ်ကိုလည်း မတင် ပို့နိုင်သေးဘူး။ထိုင်းကိုလည်းမတင်ပို့နိုင်သေးဘူး။အဲဒီအတွက် ပြည်တွင်းအစေ့ထုတ်ပြောင်းဈေးနှုန်းပကအေး နေတယ်”

အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့သေ်ာလည်း တင်ပို့မှုမှာအခုလက်ရှိအချိန်ထိ ရပ်တန့် နေပြီး ထိုင်းနိုင်ငံကို တင်ပို့မှုမှာလည်းအခုလအတွင်း ရပ်ဆိုင်းထားတာဖြစ်တယ်လို့ အဆိုပါအသင်းမှသိရပါ တယ်။

ပြည်တွင်းအစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အခုလအတွင်း အစေ့ထုတ်ပြောင်းတစ်ပိဿာကို ကျပ်၅၀၀ ဝန်းကျင် နဲ့ ဈေးနှုန်းတည်ငြိမ်နေကြောင်းမြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါ တယ်။

Zawgyi

အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့သော်လည်း တင်ပို့မှုမှာအခုလက်ရှိအချိန်ထိ ရပ်တန့် နေပြီး ထိုင်းနိုင်ငံကို တင်ပို့မှုမှာလည်းအခုလအတွင်း ရပ်ဆိုင်းထားတာဖြစ်တယ်လို့ အဆိုပါအသင်းမှသိရပါ တယ်။





Leave a Reply

Your email address will not be published. Required fields are marked *