BREAKING NEWS

ဂျပန်ကိုပေးပို့ထားသည့် နှမ်းနက်မျိုးနမူနာမျိုးများအောင်မြင်ပါက တောင်သူများထံကိုဖြန့်ဝေ ပေးသွားမည်

ဂျပန်နိုင်ငံကို ပေးပို့ထားတဲ့ နှမ်းနက်နမူနာမျိုးများကို စမ်းသပ်အောင်မြင်ပါက တောင်သူများထံ ကိုဖြန့်ဝေပေးသွားမှာဖြစ် ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီဌာနမှသိရပါတယ်။

ဂျပန်နိုင်ငံကိုပေးပို့ထားတဲ့ နှမ်းနက် နမူနာမျိုးများစစ်ဆေးချက်အောင်မြင်ပါက မျိုးသန့်ထုတ် လုပ် သွားမှာဖြစ်ပြီး တောင်သူများထံကိုဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေး သုတေသန ဦးစီး ဌာနမှ ဒေါက်တာဒေါ်ခင်မျိုးဝင်းကပြောပါတယ်။

“ အခုလက်ရှိသုတေသနပြုထားပြီးတဲ့ နှမ်းနက်နမူနာတွေကိုတော့ ဂျပန်နိုင်ငံကိုပေးပို့ထားလိုက်ပြီ ပေါ့နော်။ အဲဒီကနေရလာတဲ့ သူတို့နိုင်ငံရဲ့စားသုံးမှုနဲ့လည်းကိုက်ညီတယ်ဆိုရင်တော့ မျိုးသန့် ထပ်ပွားမယ်။ပြီးရင်တောင်သူတွေဆီကို ဖြန့်ဝေပေးသွားမယ်။ပြီးရင် Export လုပ်သွားမှာပါ”

ယခုလက်ရှိ သုတေသနစိုက်ပျိုးထုတ်လုပ်နေသည့်နှမ်းနက်မျိုးပေါင်း (၁၈)မျိုးရှိပြီး စိုက်ပျိုးရေးသုတေ သနဦးစီးဌာနနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JICA)တို့မှ ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။

ဂျပန်နိုင်ငံမှ ကြိုက်နှစ်သက်သည့်အရသာ ၊ အရည်အသွေးနဲ့ အာဟာရဓါတ်ပါဝင်မှုများကို စိစစ်သွား မှာဖြစ်ပြီး မျိုးရိုးဗီဇလက္ခဏာအချက်အလက်များအား မော်လီကျူလာနည်းပညာအသုံးပြု၍ သုတေသ နပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *