မြန်မာ့ဆန်စပါးစံချိန်စံညွှန်း သက်ဆိုင် ရာဌာနများကိုဆက်လက်တင်ပြသွားမည်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ပြုစုတင်ပြရေးအဖွဲ့မှ မြန်မာ့ဆန်စပါးစံချိန်စံညွှန်း အခုလကုန်မှာ တင်ပြသွားမှာဖြစ်ကြောင်းအဆိုပါအသင်းချုပ်မှသိရပါတယ်။
ဆန်စပါးအသင်းအနေနဲ့ မြန်မာ့ဆန်စပါးစံချိန်စံညွှန်း နောက်ဆုံးအဆင့်ကို နိုင်ငံတော်က သတ်မှတ် ဖွဲ့စည်းပေးထားတဲ့ ဌာနဆိုင်ရာများကို နိုဝင်ဘာလ ကုန်မှာတင်ပြသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှရုံးအဖွဲ့မှူးဦးမြင့်လွင်ကပြောပါတယ်။
“ဆန်စပါးအသင်းအနေနဲ့ပြုစုတင်ပြရေး လုပ်သွားမယ်။နိုင်ငံတော်ရဲ့ ဖွဲ့စည်းထား တဲ့ဌာန ဆိုင်ရာ အဖွဲ့တွေကို ဒီလကုန်မှာတင်ပြသွားမယ်။အကုန်လုံးတော့ပြီးသွားပါပြီ။ ဒီဘက်က တော့တင်ပြ မယ့်အဆင့်ထိနောက်ဆုံးရောက်သွားပြီ။ လကုန်လောက်ဆိုအပြီးတင်ပြသွားမှာပါ”
နိုင်ငံတော်ကသတ်မှတ်ထားတဲ့အဖွဲ့ကနေညှိနှိုင်းအစည်းအဝေးတွေခေါ်ပြီးတော့မှ နောက်ပိုင်း များမှာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းအဆိုပါအသင်းချုပ်မှသိရပါတယ်။
မြန်မာ့ဆန်စပါးစံချိန်စံညွှန်းအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ International Finance တို့မှ ပူးပေါင်းဆောင်ရွက်ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်းလည်း သိရပါတယ်။
မန်မာ့ဆန်စပါးစံချိန်စံညွှန်း သက်ဆိုင်ရာဌာနများကိုဆက်လက်တင်ပြသွားမည်
စပါးအသင်းချုပ်မှသိရပါတယ်။
သိရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *