BREAKING NEWS

လယ်ယာဝန်ဆောင်မှုစင်တာအတွက်နေရာ(၃)နေရာကို စတင်အကောင် အထည်ဖော်သွားမည်

ယခုနှစ်မှစတင်ကာ တိုင်းဒေသကြီး(၃)ခုမှာ လယ်ယာဝန်ဆောင်မှုစင်တာ(၃)နေရာအတွက် အကောင် အထည် ဖော်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

တောင်သူလယ်သမားများအတွက် ကဏ္ဍအစုံဆောင်ရွက်နိုင်တဲ့ လယ်ယာဝန်ဆောင်မှုစင်တာကြီးကို တိုင်းဒေသကြီး(၃)နေရာမှာစတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။

“ တောင်သူသမားများအတွက် စိုက်ပျိုးသည်မှအစ ရိတ်သိမ်းခူးဆွတ်ချိန်ထိဆောင်ရွက်နိုင်ရန်အတွက် လယ်ယာဝန်ဆောင်မှုစင်တာကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။(၃)နေရာမှာ တစ်ပြိုင်နက် တည်းဆောင်ရွက်သွားမှာပါ။ အခြေခံလုပ်ရမယ့်အနေအထားတွေမြေ နေရာတွေဘာတွေကအဆင် သင့်ရှိပြီးသားပါ။ကနဦးစီစဉ်မှုတွေလည်းပြီးထားပြီ။အမြန်ဆုံးစတင် နိုင်မှာပါ။ဒီမှာက(၃၀)ရာခိုင်နှုန်းက တော့လုပ်ဆောင်ပြီးသွားပါပြီ”

လယ်ယာဝန်ဆောင်မှုစင်တာကို ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးကျိုက်လတ်တို့မှာပြုလုပ် သွားမှာဖြစ် ကြောင်းအဆိုပါအသင်းချုပ်မှသိရပါတယ်။

အဆိုပါလယ်ယာဝန်ဆောင်မှုစင်တာအကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် ၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်နဲ့ China CITIC Construction Group တို့မှပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက် မနေ့ကလက်မှတ်ရေး ထိုးခဲ့တာဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

(Zawgyi)

လယ္ယာဝန္ေဆာင္မႈစင္တာအတြက္ေနရာ(၃)ေနရာကို စတင္အေကာင္အထည္ေဖာ္သြားမည္
ယခုႏွစ္မွစတင္ကာ တိုင္းေဒသႀကီး(၃)ခုမွာ လယ္ယာဝန္ေဆာင္မႈစင္တာ(၃)ေနရာအတြက္ အေကာင္ အထည္ ေဖာ္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။
ေတာင္သူလယ္သမားမ်ားအတြက္ က႑အစံုေဆာင္ရြက္ႏိုင္တဲ့ လယ္ယာဝန္ေဆာင္မႈစင္တာႀကီးကို တိုင္းေဒသႀကီး(၃)ေနရာမွာစတင္အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားမွာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံ ဆန္ စပါးအသင္းခ်ဳပ္မွ ရံုးအဖြဲ႕မွဴး ဦးျမင့္လြင္ကေျပာပါတယ္။
“ ေတာင္သူသမားမ်ားအတြက္ စိုက္ပ်ိဳးသည္မွအစ ရိတ္သိမ္းခူးဆြတ္ခ်ိန္ထိေဆာင္ရြက္ႏိုင္ရန္အတြက္ လယ္ယာဝန္ေဆာင္မႈစင္တာကို အေကာင္အထည္ေဖာ္သြားမွာျဖစ္ပါတယ္။(၃)ေနရာမွာ တစ္ၿပိဳင္နက္ တည္းေဆာင္ရြက္သြားမွာပါ။ အေျခခံလုပ္ရမယ့္အေနအထားေတြေျမ ေနရာေတြဘာေတြကအဆင္ သင့္ရွိၿပီးသားပါ။ကနဦးစီစဥ္မႈေတြလည္းၿပီးထားၿပီ။အျမန္ဆံုးစတင္ ႏိုင္မွာပါ။ဒီမွာက(၃၀)ရာခိုင္ႏႈန္းက ေတာ့လုပ္ေဆာင္ၿပီးသြားပါၿပီ”
လယ္ယာဝန္ေဆာင္မႈစင္တာကို ရန္ကုန္တိုင္းေဒသႀကီး တြံ႕ေတးၿမိဳ႕နယ္ ၊ မႏၱေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္ ၊ ရခိုင္ျပည္နယ္နဲ႕ ဧရာဝတီတုိင္းေဒသႀကီးက်ိဳက္လတ္တို႕မွာျပဳလုပ္ သြားမွာျဖစ္ ေၾကာင္းအဆိုပါအသင္းခ်ဳပ္မွသိရပါတယ္။
အဆိုပါလယ္ယာဝန္ေဆာင္မႈစင္တာအေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံဆန္စပါးအ သင္းခ်ဳပ္ ၊ ျမန္မာႏိုင္ငံလယ္ယာစီးပြားေရးအမ်ားပိုင္ေကာ္ပိုေရးရွင္းလီမိတက္နဲ႕ China CITIC Construction Group တို႕မွပူးေပါင္းေဆာင္ရြက္သြားႏိုင္ရန္အတြက္ မေန႕ကလက္မွတ္ေရး ထိုးခဲ့တာျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *