လယ်ယာဝန်ဆောင်မှုစင်တာ (၄)ခုအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်လက်မှတ်ရေးထိုးသွားမည်

တိုင်းဒေသကြီး(၄)နေရာမှာဆောင်ရွက်သွားမယ့် လယ်ယာဝန်ဆောင်မှုစင်တာ(၄)ခုအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒီကနေ့မှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှသိရပါတယ်။

အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့်တိုင်းဒေသကြီး(၄)နေရာမှာ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ် ကြောင်းသိရပါတယ်။

အဆိုပါလယ်ယာဝန်ဆောင်မှုစင်တာ(၄)ခုအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် နဲ့ China CITIC Construction Group တို့မှ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒီကနေ့ နေပြည်တော်ရှိ Park Royal Hotel ရတနာခန်းမမှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်းသိရပါတယ်။

လယ်ယာဝန်ဆောင်မှုစင်တာ (၄)ခုအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်လက်မှတ်ရေးထိုးပွဲအခမ်းအ နားကို နိုဝင်ဘာလ(၁၄)ရက် နေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း လည်းသိရပါတယ်။

(Zawgyi)






Leave a Reply

Your email address will not be published. Required fields are marked *