BREAKING NEWS











ဗီတာမင်စီ နှင့် အီး


ကော့ပါး

မဂ္ဂနီဆီယမ်

ပိုတက်ဆီယမ်


(Unicode)

ကျန်းမာရေးအတွက် အကျိုးထူးတွေရရှိနိုင်တဲ့ ကီဝီသီး

===========================================

ကီဝီသီးဟာ နွယ်ပန်းမျိုးဝင် အပင်မှ ရရှိသည့် အခွံပါး၊ အမွေးထူ၊ အစေ့နက်၍ အစိမ်းရောင် နူးညံသောအသားရှိသည့် အသီးတစ်မျိုး ဖြစ်ပါတယ်။

ကီဝီသီးကို စားသုံးပေးခြင်းဖြင့် အသက်ရှူအားကို ကောင်းမွန်စေနိုင်ပါတယ်။

ကီဝီသီးကို ကိုက်ဝါးစားလိုက်တဲ့ အခါမှာ ရရှိလိုက်တဲ့ ဗီတာမင်စီဓာတ်ဟာ အခြား ရှောက်၊ သံပရာမျိုးဝင်အပင်များထက် အာဟာရဓာတ်ပိုမိုပါတယ်။

ဒါ့အပြင် ဗီတာမင်စီဓာတ်ဟာ အအေးမိခြင်းကို တားဆီးကာကွယ်နိုင်ရုံသာမကပဲ ကူးစက်ရောဂါများနဲ့ ရောင်ရမ်းခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကီဝီသီးဟာ ချောင်းဆိုးခြင်း၊ ချွဲသလိပ်ကျပ်၍ လည်ချောင်းနာခြင်း၊ နှာခေါင်းအတွင်းပိုင်း တစ်နေရာရာ နှင့် ဦးခေါင်းခွံအတွင်း နှာခေါင်းနှင် ဆက်သွယ်ထားသောအသက်ရှူတဲ့ လေလမ်းကြောင်း ရောင်ရမ်းခြင်း၊ နာတာရှည် နှာပြည်ယို၊ နှာရည်ယို နှာပိတ်ခြင်း တို့ကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

ကီဝီသီးကို စားသုံးသူများဟာ အခြားသာမာန်လူများထက် ရင်ကျပ်ပန်းနာရောဂါ ခံစားရမည့် အလားအလာ အန္တရာယ် ပိုနည်းပါးပါတယ်။

သို့ရာတွင် ကီဝီသီးဟာ တစ်ခါတစ်ရံ အခန့်မသင့်လျှင် ယားယံ၊ ဖျားနာတတ်တဲ့ ဓာတ်မတည့်မှုများ ဖြစ်စေတတ်တာကြောင့် အလွန်ငယ်ရွယ်သော ကလေးငယ်များကို မကျွေးသင့်ပါ။

ကီဝီသီးဟာ နှလုံးနဲ့ မျက်စိအားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ကီဝီသီးကို မှန်မှန်စားပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောကို ကျဆင်းစေသကဲ့သို့ သွေးကြောအတွင်း သွေးခဲခြင်း နဲ့ သွေးခဲပိတ်ဆို့ခြင်း ဖြစ်ပွားစေတဲ့ အန္တရာယ် က လျော့နည်းစေနိုင်ပါတယ်။

ကီဝီသီးတွင် ပါဝင်သော အာဟာရဓာတ်များ

ဗီတာမင်စီ နှင့် အီး

ဇီဝဒြပ်ပေါင်းတစ်ခုဖြစ်၍ ကင်ဆာရောဂါအား ကာကွယ်တားဆီးသည့် တာပီနွိုက် တစ်ခုအဖြစ် အမျိုးသတ်မှတ်၍ ရသော ဘီတာကယ်ရိုတင်း

ကော့ပါး

မဂ္ဂနီဆီယမ်

ပိုတက်ဆီယမ်

အသားမျှင်ဓာတ် တို့ပါဝင်ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *