BREAKING NEWS

ဖရဲစိုက်တောင်သူများရဲ့ အခက်အခဲများအတွက် စစ်ကိုင်းတိုင်းဒေသကြီးဖရဲ၊သခွားအသင်းအနေဖြင့် စီစဉ်ဆောင်ရွက်နေ

ဖရဲစိုက်တောင်သူများရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် အသင်းအနေနဲ့ စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

ဖရဲတန်ချိန်မှန်ကန်စေရေး ၊ ကတ္တားတူညီစေရေးနဲ့ တင်ပို့မှုမကြန့်ကြာစေရေးတို့အတွက် စစ်ကိုင်း တိုင်းဒေသကြီး ဖရဲ ၊သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေနဲ့လုပ်ဆောင်စီစဉ် သွားမှာဖြစ်တယ်လို့ ဥက္ကဠ ဦးစိုးလွင်ကပြောပါတယ်။

“ မြန်မာ့ဖရဲကားများတန်ချိန်တစ်ညီတည်းဖြစ်ဖို့အတွက်ပါ။တစ်ချို့ကားဂိတ်တွေမှာ သတ်မှတ်တန် ထက်လျော့နေလို့တောင်သူတွေအသီးတွေတင်ရချရ တာတွေလည်းရှိတယ်။ တောင်သူတွေဒဏ်ရိုက် ခံရတာတွေလည်းရှိတယ်။တစ်ဖက်ကတ္တားမှာ တန်ချိန်မတူညီတာတွေဖြစ်တယ်။အဲဒါကြောင့်အသင်း အနေနဲ့ မကြန့်ကြာအောင်လို့ စီစဉ်ဆောင်ရွက်နေတယ်”

ဖရဲစိုက်တောင်သူများရဲ့ တင်ပြလာတဲ့အခက်အခဲများအပေါ်ဆောင်ရွက်သွားနိုင်ဖို့အတွက် သက်ဆိုင် ရာဌာနများနဲ့ပူးပေါင်းကာစီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့ဖရဲကို စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အများ ဆုံးစိုက်ပျိုးထားရှိကြောင်းသိရပါတယ်။

မြန်မာ့ဖရဲကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီးဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

(Zawgyi )

ဖရဲစိုက္ေတာင္သူမ်ားရဲ႕ အခက္အခဲမ်ားအတြက္ စစ္ကိုင္းတိုင္းေဒသႀကီးဖရဲ၊သခြားအသင္းအေနျဖင့္ စီစဥ္ေဆာင္ရြက္ေန
ဖရဲစိုက္ေတာင္သူမ်ားရဲ႕ ေတြ႕ႀကံဳေနရတဲ့ အခက္အခဲမ်ားကိုေျဖရွင္းႏိုင္ရန္အတြက္ အသင္းအေနနဲ႕ စီစဥ္ေဆာင္ရြက္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးဖရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္ တင္ပုိ႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။
ဖရဲတန္ခ်ိန္မွန္ကန္ေစေရး ၊ ကတၱားတူညီေစေရးနဲ႕ တင္ပို႕မႈမၾကန္႕ၾကာေစေရးတို႕အတြက္ စစ္ကိုင္း တိုင္းေဒသႀကီး ဖရဲ ၊သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းအေနနဲ႕လုပ္ေဆာင္စီစဥ္ သြားမွာျဖစ္တယ္လို႕ ဥကၠဠ ဦးစိုးလြင္ကေျပာပါတယ္။
“ ျမန္မာ့ဖရဲကားမ်ားတန္ခ်ိန္တစ္ညီတည္းျဖစ္ဖို႕အတြက္ပါ။တစ္ခ်ိဳ႕ကားဂိတ္ေတြမွာ သတ္မွတ္တန္ ထက္ေလ်ာ့ေနလို႕ေတာင္သူေတြအသီးေတြတင္ရခ်ရ တာေတြလည္းရွိတယ္။ ေတာင္သူေတြဒဏ္ရိုက္ ခံရတာေတြလည္းရွိတယ္။တစ္ဖက္ကတၱားမွာ တန္ခ်ိန္မတူညီတာေတြျဖစ္တယ္။အဲဒါေၾကာင့္အသင္း အေနနဲ႕ မၾကန္႕ၾကာေအာင္လို႕ စီစဥ္ေဆာင္ရြက္ေနတယ္”
ဖရဲစိုက္ေတာင္သူမ်ားရဲ႕ တင္ျပလာတဲ့အခက္အခဲမ်ားအေပၚေဆာင္ရြက္သြားႏိုင္ဖို႕အတြက္ သက္ဆိုင္ ရာဌာနမ်ားနဲ႕ပူးေပါင္းကာစီစဥ္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။
ျမန္မာ့ဖရဲကို စစ္ကိုင္းတိုင္းေဒသႀကီး ၊ မႏၱေလးတိုင္းေဒသႀကီး နဲ႕ ပဲခူးတိုင္းေဒသႀကီးတို႕မွာ အမ်ား ဆံုးစိုက္ပ်ိဳးထားရွိေၾကာင္းသိရပါတယ္။
ျမန္မာ့ဖရဲကို တရုတ္ႏိုင္ငံကိုအဓိကထားတင္ပို႕ေနတာျဖစ္ေၾကာင္းလည္း စစ္ကိုင္းတိုင္းေဒသႀကီးဖရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *