ဖရဲသီးအရည်အသွေးများကြောင့် ဖရဲကားဝင်ရောက်မှုနည်းပါး

ယခုရက်ပိုင်းအတွင်း ဖရဲသီးကုန်တင်ကားများမှာ အရည်အသွေးများကြောင့် ဝင်ရောက်မှုနည်းပါးလာ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဖရဲ ၊သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါ တယ်။

တရုတ်ဘက်မှာ မြန်မာ့ဖရဲအရည်အသွေးများကိုစိစစ်ဝယ်ယူမှုများရှိတာကြောင့် အခုရက်ပိုင်း အတွင်း မှာ ကုန်တင်ကားများ ဝင်ရောက်မှုနည်းပါးလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ ၊ သခွားစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးလွင်ကပြောပါတယ်။

“ အဓိကကတော့ တရုတ်ဘက်ကနေ ဖရဲကိုအရည်အသွေးနဲ့စစ်ပြီးဝယ်ယူနေတာဆိုတော့ အရင်က လောက်မဝင်တော့ဘူး။ဒီနေ့ဆို (၁၀၀)ကျော်လောက်ပဲဝင်တယ်။ကားအစီးရေနည်းသွားပေမယ့်လည်း ဈေးကျတော့ ထင်သလောက်မရဘူး။အရည်အသွေးပေါ်ပဲကြည့်ပြီးဖြတ်ပေးတာဆိုတော့”

ယခင်တစ်ပတ်အတွင်းက မြန်မာ့ဖရဲကုန်တင်ကားများမှာ တစ်နေ့ကို အစီးရေ (၂၀၀)ကျော်ဝင်ရောက် မှုရှိနေပြီး အခုတစ်ပတ်အတွင်းဖရဲကားဝင်ရောက်မှုမှာ (၁၃၀)သာရှိတော့ကြောင့် အဆိုပါအသင်းမှသိ ရပါတယ်။

မြန်မာ့ဖရဲကို စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးကြောင်းလည်း သိရပါတယ်။

နိုဝင်ဘာလ(၉)ရက်နေ့က သစ်သီးဝလံကုန်စည်ဒိုင်မှ ပြည်ပပို့ကုန်ဖရဲသီးကိုအရည်အသွေးပြည့်မှီစွာ စိုက်ပျိုးနိုင်ဖို့အတွက်လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဖရဲ ၊သခွား စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါ တယ်။

(Zawgyi ျဖင့္ဖတ္ရန္)

=====================

ဖရဲသီးအရည္အေသြးမ်ားေၾကာင့္ ဖရဲကားဝင္ေရာက္မႈနည္းပါး
ယခုရက္ပိုင္းအတြင္း ဖရဲသီးကုန္တင္ကားမ်ားမွာ အရည္အေသြးမ်ားေၾကာင့္ ဝင္ေရာက္မႈနည္းပါးလာ ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးဖရဲ ၊သခြား စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါ တယ္။
တရုတ္ဘက္မွာ ျမန္မာ့ဖရဲအရည္အေသြးမ်ားကိုစိစစ္ဝယ္ယူမႈမ်ားရွိတာေၾကာင့္ အခုရက္ပိုင္း အတြင္း မွာ ကုန္တင္ကားမ်ား ဝင္ေရာက္မႈနည္းပါးလာေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး ဖရဲ ၊ သခြားစိုက္ပ်ိဳး ထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ ဥကၠဌ ဦးစိုးလြင္ကေျပာပါတယ္။
“ အဓိကကေတာ့ တရုတ္ဘက္ကေန ဖရဲကိုအရည္အေသြးနဲ႕စစ္ၿပီးဝယ္ယူေနတာဆိုေတာ့ အရင္က ေလာက္မဝင္ေတာ့ဘူး။ဒီေန႕ဆို (၁၀၀)ေက်ာ္ေလာက္ပဲဝင္တယ္။ကားအစီးေရနည္းသြားေပမယ့္လည္း ေစ်းက်ေတာ့ ထင္သေလာက္မရဘူး။အရည္အေသြးေပၚပဲၾကည့္ၿပီးျဖတ္ေပးတာဆိုေတာ့”
ယခင္တစ္ပတ္အတြင္းက ျမန္မာ့ဖရဲကုန္တင္ကားမ်ားမွာ တစ္ေန႕ကို အစီးေရ (၂၀၀)ေက်ာ္ဝင္ေရာက္ မႈရွိေနၿပီး အခုတစ္ပတ္အတြင္းဖရဲကားဝင္ေရာက္မႈမွာ (၁၃၀)သာရွိေတာ့ေၾကာင့္ အဆိုပါအသင္းမွသိ ရပါတယ္။
ျမန္မာ့ဖရဲကို စစ္ကိုင္းတိုင္းေဒသႀကီး ၊ မႏၱေလးတိုင္းေဒသႀကီးနဲ႕ ပဲခူးတိုင္းေဒသႀကီးတို႕မွာ အမ်ားဆံုး စိုက္ပ်ိဳးေၾကာင္းလည္း သိရပါတယ္။
ႏိုဝင္ဘာလ(၉)ရက္ေန႕က သစ္သီးဝလံကုန္စည္ဒိုင္မွ ျပည္ပပို႕ကုန္ဖရဲသီးကိုအရည္အေသြးျပည့္မွီစြာ စိုက္ပ်ိဳးႏိုင္ဖို႕အတြက္လည္း ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးဖရဲ ၊သခြား စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါ တယ္။





Leave a Reply

Your email address will not be published. Required fields are marked *