BREAKING NEWS

ကြက်သွန်နီ ဈေးနှုန်းများတက်လာ

ယခုလအတွင်းကြက်သွန်နီဈေးနှုန်းများမှာ ဝယ်လိုအားများလာတဲ့အတွက် မြင့်တက်လာကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှသိရပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှမြန်မာ့ကြက်သွန်ကိုဝယ်ယူမှုများလာတာကြောင့် ပြည်တွင်းကြက်သွန်နီဈေးနှုန်းမှာ မြင့်တက်လာကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။

“ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြက်သွန်နီကို တောက်လျှောက်ဝယ်ယူနေတဲ့အတွက်ဈေးတက်လာတာပါ။ ဝယ်နေတာလည်းနှစ်လလောက်ရှိပြီဆိုတော့။အဓိကကတော့ ဝယ်လိုအားရှိတဲ့အတွက် ဈေးတက်လာ တာပါ”

ဒီကနေ့မှာ နယ်အစုံမှ ကြက်သွန်နီကားအစီးရေ (၁၆)စီးခန့်ဝင်ရောက်ပြီး ယခင်ရက်ပိုင်းများ ထက် ကားအစီးရေ ဝင်ရောက်မှုလျော့နည်းသွားကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့ကြက်သွန်နီ လတ်ချောတစ်ပိဿာ ၁၄၀၀ ကျပ် ၊ ကြက်သွန်နီလတ်သန့်တစ်ပိဿာကို ၂၀၀၀ ကျပ်မှ ၂၃၀၀ ကျပ်မြင့်တက်လာကြောင်း ၊ ကြက်သွန်နီလတ်ကြီးတစ်ပိဿာကို၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်မြင့်တက်လာကြောင်း ၊ ကြက်သွန်နီ ရှယ်တစ်ပိဿာကို ၂၃၀၀ ကျပ်မှ ၂၆၀၀ ကျပ် ဖြင့် ဈေးနှုန်းများတက်လာကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့် စားဖို ဆောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ ဈေးနှုန်းများအရသိရပါတယ်။

(Zawgyi ျဖင့္ဖတ္ရန္)

=======================

ၾကက္သြန္နီ ေစ်းႏႈန္းမ်ားတက္လာ
ယခုလအတြင္းၾကက္သြန္နီေစ်းႏႈန္းမ်ားမွာ ဝယ္လိုအားမ်ားလာတဲ့အတြက္ ျမင့္တက္လာေၾကာင္း ျမန္မာႏိုင္ငံၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္းမွသိရပါတယ္။
ဘဂၤလာေဒ့ရွ္ႏိုင္ငံမွျမန္မာ့ၾကက္သြန္ကိုဝယ္ယူမႈမ်ားလာတာေၾကာင့္ ျပည္တြင္းၾကက္သြန္နီေစ်းႏႈန္းမွာ ျမင့္တက္လာေၾကာင္း ျမန္မာႏိုင္ငံၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳးထုတ္ လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ ဥကၠဌ ဦးခင္ဟန္ကေျပာပါတယ္။
“ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ၾကက္သြန္နီကို ေတာက္ေလွ်ာက္ဝယ္ယူေနတဲ့အတြက္ေစ်းတက္လာတာပါ။ ဝယ္ေနတာလည္းႏွစ္လေလာက္ရွိၿပီဆိုေတာ့။အဓိကကေတာ့ ဝယ္လိုအားရွိတဲ့အတြက္ ေစ်းတက္လာ တာပါ”
ဒီကေန႕မွာ နယ္အစံုမွ ၾကက္သြန္နီကားအစီးေရ (၁၆)စီးခန္႕ဝင္ေရာက္ၿပီး ယခင္ရက္ပိုင္းမ်ား ထက္ ကားအစီးေရ ဝင္ေရာက္မႈေလ်ာ့နည္းသြားေၾကာင္းလည္း အဆိုပါအသင္းမွသိရပါတယ္။
ျမန္မာ့ၾကက္သြန္နီ လတ္ေခ်ာတစ္ပိႆာ ၁၄၀၀ က်ပ္ ၊ ၾကက္သြန္နီလတ္သန္႕တစ္ပိႆာကို ၂၀၀၀ က်ပ္မွ ၂၃၀၀ က်ပ္ျမင့္တက္လာေၾကာင္း ၊ ၾကက္သြန္နီလတ္ႀကီးတစ္ပိႆာကို၂၂၀၀ က်ပ္မွ ၂၅၀၀ က်ပ္ျမင့္တက္လာေၾကာင္း ၊ ၾကက္သြန္နီ ရွယ္တစ္ပိႆာကို ၂၃၀၀ က်ပ္မွ ၂၆၀၀ က်ပ္ ျဖင့္ ေစ်းႏႈန္းမ်ားတက္လာေၾကာင္း ျမန္မာႏိုင္ငံၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴႏွင့္ စားဖို ေဆာင္သီးႏွံ စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းရဲ႕ ေစ်းႏႈန္းမ်ားအရသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *