BREAKING NEWS

တရုတ္ – ျမန္မာစိုက္ပ်ိဳးေရးဆိုင္ရာပူးေပါင္းကုန္စည္ျပပြဲ နဲ႕ေဟာေျပာပြဲက်င္းပသြားမည္

ယခုလအတြင္း ပထမဆံုးအႀကိမ္ တရုတ္ – ျမန္မာစိုက္ပ်ိဳးေရးဆိုင္ရာပူးေပါင္းကုန္စည္ျပပြဲကို က်င္းပ သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာကုန္သြယ္ေရးနဲ႕တရုတ္ဘက္မွကုန္သြယ္ေရးပူးေပါင္းလုပ္ေဆာင္ကာ က်င္းပတာျဖစ္တယ္လို႕ အဆိုပါပြဲစီစဥ္သူေဒၚမီမီေရႊကေျပာပါတယ္။

“ အဓိကကေတာ့ ျမန္မာ့ဘက္က စိုက္ပ်ိဳးေရးကုန္သြယ္မႈကို ေလ့လာမယ္။ဒီဘက္ကေတာင္သူေတြ
ေတြအတြက္ ဘယ္လိုမ်ိဳးလုပ္ေဆာင္ေပးႏိုင္ရင္ရမလဲဆိုတာေတြပါေလ့လာသြားမယ္။ပြဲမွာေတာ့ စိုက္ပ်ိဳးေရးနဲ႕ဆက္စပ္တဲ့ပစၥည္းေတြဝင္ေရာက္ျပသသြားမွာပါ”

အဆိုပါျပပြဲကို ႏိုဝင္ဘာလ ၂၂ ရက္ေန႕မွ ၂၄ ရက္ေန႕ထိ တပ္မေတာ္ခန္းမမွာ
က်င္းပသြားမွာျဖစ္ၿပီး နံနက္(၉)နာရီမွ ညေန(၅)နာရီထိ ျပဳလုပ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

စိုက္ပ်ိဳးေရးပညာရွင္မ်ား ၊စက္မႈလုပ္ငန္းကၽြမ္းက်င္သူမ်ားမွ
ျမန္မာႏိုင္ငံနဲ႕ပတ္သတ္တဲ့ စိုက္ပ်ိဳးေရးသံုး ဓါတုေဆးမ်ားအေၾကာင္း ၊ စိုက္ပ်ိဳးေရးသံုးစက္ယႏၱယားမ်ားအေၾကာင္း
နဲ႕ဗဟုသုတမ်ားကို တိုက္ရိုက္ ေဆြးေႏြးသြားမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။

တရုတ္ – ျမန္မာစိုက္ပ်ိဳးေရးဆိုင္ရာပူးေပါင္းကုန္စည္ျပပြဲမွာ စိုက္ပ်ိဳးေရးသံုးစက္ပစၥည္းအမ်ိဳးမ်ိဳး ၊ စိုက္ပ်ိဳးေရးေဆးအမ်ိဳးမ်ိဳး နဲ႕အေျခာက္ခံစက္မ်ားပါဝင္ျပသသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

======================

တရုတ် – မြန်မာစိုက်ပျိုးရေးဆိုင်ရာပူးပေါင်းကုန်စည်ပြပွဲ နဲ့ဟောပြောပွဲကျင်းပသွားမည်
ယခုလအတွင်း ပထမဆုံးအကြိမ် တရုတ် – မြန်မာစိုက်ပျိုးရေးဆိုင်ရာပူးပေါင်းကုန်စည်ပြပွဲကို ကျင်းပ သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာကုန်သွယ်ရေးနဲ့တရုတ်ဘက်မှကုန်သွယ်ရေးပူးပေါင်းလုပ်ဆောင်ကာ ကျင်းပတာဖြစ်တယ်လို့ အဆိုပါပွဲစီစဉ်သူဒေါ်မီမီရွှေကပြောပါတယ်။
“ အဓိကကတော့ မြန်မာ့ဘက်က စိုက်ပျိုးရေးကုန်သွယ်မှုကို လေ့လာမယ်။ဒီဘက်ကတောင်သူတွေ တွေအတွက် ဘယ်လိုမျိုးလုပ်ဆောင်ပေးနိုင်ရင်ရမလဲဆိုတာတွေပါလေ့လာသွားမယ်။ပွဲမှာတော့ စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ပစ္စည်းတွေဝင်ရောက်ပြသသွားမှာပါ”
အဆိုပါပြပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ တပ်မတော်ခန်းမမှာ ကျင်းပသွားမှာဖြစ်ပြီး နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
စိုက်ပျိုးရေးပညာရှင်များ ၊စက်မှုလုပ်ငန်းကျွမ်းကျင်သူများမှ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ စိုက်ပျိုးရေးသုံး ဓါတုဆေးများအကြောင်း ၊ စိုက်ပျိုးရေးသုံးစက်ယန္တယားများအကြောင်း နဲ့ဗဟုသုတများကို တိုက်ရိုက် ဆွေးနွေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။
တရုတ် – မြန်မာစိုက်ပျိုးရေးဆိုင်ရာပူးပေါင်းကုန်စည်ပြပွဲမှာ စိုက်ပျိုးရေးသုံးစက်ပစ္စည်းအမျိုးမျိုး ၊ စိုက်ပျိုးရေးဆေးအမျိုးမျိုး နဲ့အခြောက်ခံစက်များပါဝင်ပြသသွားမှာဖြစ်ကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *