BREAKING NEWS

ဝဥဝယ္လိုအားက်ဆင္း

ယခင္ႏွစ္ထက္ ဝဥမွာျပည္တြင္းျပည္ပဝယ္လိုအားက်ဆင္းေနေၾကာင္း ခ်င္းျပည္နယ္ ဝဥစိုက္ ပ်ိဳး ထုတ္လုပ္တင္ပို႕ ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

ယခုႏွစ္အတြင္း ျပည္ပမွလာေရာက္ဝယ္ယူမႈနည္းေနတာေၾကာင့္  ဝဥေစ်းကြက္ဝယ္ လိုအားက် ဆင္း လာတာျဖစ္တယ္လို႔ ခ်င္းျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ အၾကံေပး ဦး ေဖြးမနားကေျပာပါတယ္။

“ အရင္ႏွစ္ကဆို ျပည္ပကေနဆင္းၿပီး ဝယ္ယူတာေတြကမ်ားတယ္။ဒီႏွစ္က်ေတာ့ အရင္ႏွစ္နဲ႕ မတူ ဘူး။လာေရာက္ဝယ္ယူမႈနည္းတယ္။ဝယ္လုိအားနည္းေတာ့ ေစ်းကလည္းသိပ္မရဘူး။ အခုမိုးတြင္းမွာ ေစ်းကြက္ကေစ်းႏႈန္းကစားတာေတြမ်ားသြားေတာ့ ျပည္ပကဝယ္ယူမႈ ကနည္း လာတယ္”

အခုလက္ရွိအခ်ိန္မွာ ျမန္မာ့ဝဥကိုဂ်ပန္ႏိုင္ငံမွ လာေရာက္ဝယ္ယူမႈမ်ားရွိေနၿပီး အျခားေ စ်း ကြက္မ်ား ကို တင္ပို႕ႏိုင္ျခင္းမရွိေသးေၾကာင္းလည္း အဆိုပါအသင္းမွသိရပါတယ္။

ဝဥကို ခ်င္းျပည္နယ္မွာအမ်ားဆံုးစိုက္ပ်ိဳးတာျဖစ္ၿပီး အျခားတိုင္းနဲ႔ျပည္နယ္မ်ားမွာလည္း စိုက္ ပ်ိဳးႏိုင္ ရန္ လုပ္ေဆာင္ေနေၾကာင္းလည္း ခ်င္းျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္ လုပ္တင္ပို႕ေရာင္း ခ် သူမ်ားအသင္း မွသိရပါတယ္။

(Unicode ျဖင့္ဖတ္ရန္

====================

ဝဥဝယ်လိုအားကျဆင်း
ယခင်နှစ်ထက် ဝဥမှာပြည်တွင်းပြည်ပဝယ်လိုအားကျဆင်းနေကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။
ယခုနှစ်အတွင်း ပြည်ပမှလာရောက်ဝယ်ယူမှုနည်းနေတာကြောင့် ဝဥဈေးကွက်ဝယ်လိုအားကျဆင်း လာတာဖြစ်တယ်လို့ ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အကြံပေး ဦး ဖွေးမနားကပြောပါတယ်။
“ အရင်နှစ်ကဆို ပြည်ပကနေဆင်းပြီး ဝယ်ယူတာတွေကများတယ်။ဒီနှစ်ကျတော့ အရင်နှစ်နဲ့မတူ ဘူး။လာရောက်ဝယ်ယူမှုနည်းတယ်။ဝယ်လိုအားနည်းတော့ ဈေးကလည်းသိပ်မရဘူး။အခုမိုးတွင်းမှာ ဈေးကွက်ကဈေးနှုန်းကစားတာတွေများသွားတော့ ပြည်ပကဝယ်ယူမှုကနည်းလာတယ်”
အခုလက်ရှိအချိန်မှာ မြန်မာ့ဝဥကိုဂျပန်နိုင်ငံမှ လာရောက်ဝယ်ယူမှုများရှိနေပြီး အခြားဈေးကွက်များ ကို တင်ပို့နိုင်ခြင်းမရှိသေးကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
ဝဥကို ချင်းပြည်နယ်မှာအများဆုံးစိုက်ပျိုးတာဖြစ်ပြီး အခြားတိုင်းနဲ့ပြည်နယ်များမှာလည်း စိုက်ပျိုးနိုင် ရန် လုပ်ဆောင်နေကြောင်းလည်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *