BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

===================

မြန်မာ့ငရုတ်ကို တရုတ်ပညာရှင်များနဲ့ပူးပေါင်းစိုက်ပျိုးနိုင်ရန်စီစဉ်ဆောင်ရွက်သွားမည်
ယခုလအတွင်း မြန်မာ့ငရုတ်ကို တရုတ်ပညာရှင်များနဲ့ပူးပေါင်းစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်သွား မှာ ဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်အရည်အသွေးများပိုမိုကောင်းမွန်လာစေရန်အတွက် မြန်မာပညာရှင်များနဲ့တရုတ်ဘက်မှ ပညာရှင်များပူးပေါင်းကာစိုက်ပျိုးသွားမှာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ ဥက္ကဠဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ ကိုယ်ရဲ့ဒေသရေမြေအနေအထားကိုကြည့်ပြီး ငရုတ်စိုက်ပျိုးနိုင်ဖို့အတွက် မြန်မာဘက်က နည်းပညာရှင်တွေနဲ့ တရုတ်ဘက်ကနည်းပညာရှင်တွေပူးပေါင်းပြီးတော့ စိုက်ပျိုးနိုင်ဖို့အတွက်ဆောင် ရွက်သွားမှာပါ”
အခုလက်ရှိ မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများရဲ့ဈေးကွက်များကို အရည်အသွေးကောင်း မျိုးများကိုသာ တင်ပို့သွားနိုင်ရန်စီစဉ်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။
မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများမှလည်းဝယ်ယူကမ်းလှမ်းမှုများရှိနေကြောင်းလည်း မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *