BREAKING NEWS

ေဒသနဲ႕ကိုက္ညီသည့္ေျပာင္းမ်ိဳးမ်ားကို သုေတသနျပဳေဆာင္ရြက္သြား ႏိုင္ရန္ေဆြးေႏြး

တရုတ္ႏိုင္ငံနဲ႕ပူးေပါင္းကာ ေဒသနဲ႕ကိုက္ညီတဲ့ေျပာင္း မ်ိဳးမ်ားကို သုေတ သနျပဳေဆာင္ရြက္ သြား ရန္ေဆြးေႏြးေနေၾကာင္းစိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

ႏွစ္ႏိုင္ငံအခ်င္းခ်င္း ေျပာင္းစိုက္နည္းပညာပူးေပါင္းေဆာင္ရြက္ႏိုင္ေရးအတြက္ ေဆြးေႏြးညိွႏိႈ င္းေန ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔လြင္ဦး ကေျပာပါတယ္။

“ ေျပာင္းအထြက္မ်ားတဲ့ေဒသေတြမွာ နည္းပညာပူးေပါင္းေဆာင္ရြက္ႏိုင္ေရးအတြက္ လာေ ရာက္ေတြ႕ ဆံုေဆြးေႏြးတာပဲရွိပါေသးတယ္။ဘယ္ေနရာမွာလုပ္မ လဲ၊ဘာေတြလုပ္ေဆာင္မ လဲဆိုတာကိုေတာ့ မရွိေသးဘူး။ႏွစ္ဖက္ေဆြးေႏြးညိွႏိႈင္းေနဆဲအဆင့္ပဲရွိပါေသးတယ္”

ေျပာင္းသီးႏွံစိုက္ပ်ိဳးထုတ္လုပ္ရာမွာ နည္းပညာမ်ားတိုးျမွင့္ေဆာင္ရြက္ေရး သုေတသန လုပ္ ငန္းမ်ား ၊ ေျပာင္းလဲလာတဲ့ ရာသီဥတုနဲ႕အညီ ေရာဂါဒဏ္ခံႏိုင္မယ့္ အထြက္ေကာင္းမ်ိဳးမ်ား ၊ ေရေျမေဒသနဲ႕ ကိုက္ညီတဲ့ စိုက္ပ်ိဳးနည္းစနစ္မ်ားကို ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသန ဦးစီးဌာနမွသိရပါတယ္။

ေျပာင္းစိုက္ပ်ိဳးနည္းပညာမ်ားပူးေပါင္းေဆာင္ရြက္ႏိုင္ရန္အတြက္ စိုက္ပ်ိဳးေရးသုေတသန ဦးစီး ဌာနနဲ႕ တရုတ္ႏိုင္ငံGuangxi Academy of Agricultural Scienceံ (GXASS) မွသုေတသ န ပညာရွင္မ်ား နဲ႕ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းလည္းသိ ရပါတယ္။

(Unicode ျဖင့္ဖတ္ရန္)

=====================

ဒေသနဲ့ကိုက်ညီသည့်ပြောင်းမျိုးများကို သုတေသနပြုဆောင်ရွက်သွား နိုင်ရန်ဆွေးနွေး
တရုတ်နိုင်ငံနဲ့ပူးပေါင်းကာ ဒေသနဲ့ကိုက်ညီတဲ့ပြောင်း မျိုးများကို သုတေ သနပြုဆောင်ရွက်သွား ရန်ဆွေးနွေးနေကြောင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
နှစ်နိုင်ငံအချင်းချင်း ပြောင်းစိုက်နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနေ ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။
“ ပြောင်းအထွက်များတဲ့ဒေသတွေမှာ နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်တွေ့ ဆုံဆွေးနွေးတာပဲရှိပါသေးတယ်။ဘယ်နေရာမှာလုပ်မလဲ၊ဘာတွေလုပ်ဆောင်မလဲဆိုတာကိုတော့ မရှိသေးဘူး။နှစ်ဖက်ဆွေးနွေးညှိနှိုင်းနေဆဲအဆင့်ပဲရှိပါသေးတယ်”
ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ နည်းပညာများတိုးမြှင့်ဆောင်ရွက်ရေး သုတေသနလုပ်ငန်းများ ၊ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ ရောဂါဒဏ်ခံနိုင်မယ့် အထွက်ကောင်းမျိုးများ ၊ ရေမြေဒေသနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ်များကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှသိရပါတယ်။
ပြောင်းစိုက်ပျိုးနည်းပညာများပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ တရုတ်နိုင်ငံGuangxi Academy of Agricultural Scienceံ (GXASS) မှသုတေသန ပညာရှင်များ နဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိ ရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *