BREAKING NEWS

မင္သာ အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ

ျမန္မာအမည္ – ပရုပ္ေအး

အဂၤလိပ္အမည္  – MINT

ရုကၡေဗဒအမည္ – MENTHA ARVENSIS LINN

မ်ိဳးရင္း – LABIATAE

 အမ်ိဳးအစား

ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးေသာ အျခားမ်ိဳးမ်ားမွာ

၁။ MENTHA PIPERITA

၂။ M. JAVANICA

၃။ M.AYONAMI တုိ႔ ျဖစ္ပါသည္။

ပံုသ႑ာန္

ပင္ငယ္မ်ိဳးျဖစ္သည္။ (၁) ေပမွ (၁ ၁/၂) ေပ ထိျမင့္သည္။ ပူတီနာပင္ ႏွင့္တူသည္။ အကိုင္းအခတ္ရွိ အဆစ္မ်ားမွ အျမစ္မ်ား ထြက္၍ ေျမႀကီးေပၚတြင္လည္း တြားသြား ျပန္႔ပြားႏိုင္သည္။ ပင္စည္ ေလးေထာင့္ပံုရွိသည္။ အကိုင္းမ်ား ခရမ္းေရာင္သန္းသည္။ အေမႊးႏုမ်ားျဖင့္ ဖံုးလႊမ္းေနသည္။ အနံ႔ အလြန္ထင္ရွားသည္။ အရက္မွာ (၂)ရြက္ စီ ရြက္ဆိုင္ အလွည့္က်ထြက္သည္။ အခ်ိဳ႔ အမ်ိဳးသည္ ပူတီနာအရြက္ႏွင့္တူသည္။ ရြက္ထိပ္ခၽြန္ၿပီး ရြက္ရင္းသို႔ သြယ္သြားသည္။ ရြက္နားတြင္ ေခြးသြားစိတ္ က်ဲက်ဲရွိသည္။ အပြင့္သည္ ပင္စည္ႏွင့္ အရြက္ၾကား (အဆစ္ေနရာ) မွ ပတ္လည္ ထြက္သည္။ ပန္းပြင့္ အလြန္ေသးငယ္ၿပီး အေမႊးႏုမ်ားရွိသည္။

စိုက္ပ်ိဳးသည့္ေဒသ

ပူတီနာပင္ ေကာင္းစြာ ျဖစ္ထြန္းသည့္ ေတာင္ႀကီး၊ ဗန္းေမာ္၊ ေမၿမိဳ႔ ႏွင့္ မိုးကုတ္စသည္ ၿမိဳ႔မ်ား အနီး စိမ့္စမ္းေကာင္းသည့္ ေဒသမ်ား မိုးမ်ားေသာေဒသမ်ားတြင္ ျပဳစုမႈကို လိုက္၍ စိုက္ပ်ိဳးျဖစ္ထြန္းသည္ကို ေတြ႔ရသည္။

ရာသီဥတု

အေအးပိုင္းေဒသ ရာသီဥတုကို ပိုမို ႀကိဳက္ႏွစ္သက္ေသာ္လည္း ဆီးႏွင္းဒဏ္ကို ခံႏိုင္စြမ္းမရွိေပ။ မင္သာသည္ ေရနစ္ျမဳပ္သည့္ ဒဏ္ကို လည္း ခံႏိုင္ရည္ မရွိေပ။

ေျမအမ်ိဳးအစား

ေရလြယ္ကူစြာရရွိႏိုင္ပါက ေျမအမ်ိဳးမ်ိဳးတြင္ စိုက္ပ်ိဳးႏိုင္ေသာ္လည္း သဲႏုန္းေျမတြင္ အေကာင္းဆံုး စိုက္ပ်ိဳး ျဖစ္ထြန္းသည္။ သဲေျမ ႏွင့္ ေျမေစးမ်ားတြင္ သဘာ၀ေျမၾသဇာထည့္၍ ျပဳျပင္ၿပီး စိုက္ပ်ိဳးႏိုင္ေသာ္လည္း ေရ၀ပ္ျခင္းကင္းေသာ ေနရာမ်ားကို ေရြးခ်ယ္စိုက္ပ်ိဳးသင့္သည္။

ေျမျပဳျပင္ျခင္း

အကိုင္းျဖတ္ စိုက္ပ်ိဳးရသည့္ အပင္မ်ိဳး ျဖစ္ေသာေၾကာင့္ ေျမကို ေကာင္းစြာ ညက္ေအာင္ျပဳျပင္ေပးရသည္။ မစိုက္မီ တလခန္႔ ႀကိိဳတင္၍ စိုက္ေဘာင္မ်ားကို ေအာက္ေျခ အနံ (၅) ေပ၊ အေပၚမ်က္ႏွာျပင္ အနံ (၄) ေပ အျမင့္ (၆) လက္မ ခန္႔ ႏွင့္ အလ်ား သင့္ေလ်ာ္သလို ျပဳလုပ္ေပးရသည္။ တေဘာင္ ႏွင့္ တေဘာင္ (၂) ေပခန္႔ခြာထားရသည္။ ေဘာင္မ်ားကို ေပါင္းျမက္မ်ားကင္းစင္ေအာင္ ျပဳျပင္၍ ေျမျပဳျပင္ခ်ိန္တြင္ ႏြားေခ်းေဆြး အမႈန္႔ကို ေျမအေျခအေနအလိုက္ အလ်ား (၂၅) ေပလွ်င္ (၅) တင္းႏႈန္းခ်ေပးသင့္သည္။ ႏြားေခ်းေဆြး ခ်ေပးျခင္းမွာ  ေျမပြေစရန္ အတြက္သာ ျဖစ္သည္။ ေျမျပဳျပင္စဥ္ ေျမၾသဇာ ျဖည့္တင္းရန္မလိုေခ်။

စိုက္ပ်ိဳးနည္း

ေဆာင္းတြင္းတြင္ စိုက္ပ်ိဳးႏိုင္ေသာ္လည္း စိုက္ပ်ိဳးရန္ အေကာင္းဆံုး အခ်ိန္မွာ မိုးဦးက်ရာသီျဖစ္သည္။ ေျမေလ်ာက္ပင္စည္မ်ားကို (၄) လက္မ မွ (၅) လက္မခန္႔ အပိုင္းေလးမ်ား ျဖတ္ေတာက္ယူ၍ အသင့္ ျပဳျပင္ထားေသာ ေျမေဘာင္ေပၚတြင္  (၉) လက္မစီခြာၿပီး အတန္းလိုက္စိုက္ပ်ိဳးရသည္။ အပိုင္းျပတ္တြင္ ပါေသာ အဆစ္ (၂) ဆစ္မွ (၃) ဆစ္ကို ေျမတြင္ ျမဳပ္ထားရမည္။

ေျမၾသဇာေကၽြးျခင္း

အကိုင္းမ်ား ျဖတ္စိုက္ၿပီး (၂) ပတ္မွ (၃) ပတ္ အၾကာတြင္ အညႊန္႔ေလးမ်ား ေကာင္းစြာ ထြက္လာမည္။ ၄င္းအခ်ိန္၌ ဓာတ္ေျမၾသဇာႏွင့္ ႏြားေခ်းမႈန္႔မ်ားကို ညီညာစြာ ထည့္ေပးရသည္။ အလ်ား (၂၀)ေပ ေဘာင္အတြက္ ယူရီးယား ႏို႔ဆီတဘူး ႏွင့္ ႏြားေခ်းေဆြးမႈန္႔ (၃) တင္းခန္႔ ထည့္ေပးရန္ လိုသည္။ ဤကဲ့သို႔ ေျမၾသဇာ ျဖည့္ေပးခ်ိန္တြင္ ေရကိုႏိုင္ႏိုင္ေလာင္းေပးရသည္။ အပင္အေျခအေနကိုၾကည့္၍ ေျမၾသဇာကို လိုအပ္သလို ျဖည့္ေပးႏိုင္သည္။

မ်ိဳးပြားနည္း

အဆစ္တြင္ အျမစ္ပါေသာ မ်ိဳးကိုင္းမ်ားကို ျဖတ္ေတာက္စိုက္ပ်ိဳးႏိုင္သည္။

အပင္ငယ္မ်ားျပဳျပင္နည္း

မင္သာပင္သည္ ေရႀကိဳက္ေသာ အပင္ျဖစ္သျဖင့္ ရာသီဥတု အေျခအေနကို ၾကည့္၍ ေရလံုေလာက္စြာ ေလာင္းေပးရန္လိုသည္။ ေဘာင္ေပၚတြင္ ေပါင္းျမက္မ်ား အၿမဲကင္းစင္ေနေအာင္ျပဳလုပ္ေပးရမည္။ ၄င္းေပၚျမက္မ်ားသည္ ဆီေမႊး ထုတ္လုပ္ရာတြင္ လည္းေကာင္း၊ ဆီးေမႊးအရည္အေသြးႏွင့္ အနံ႔ကိုလည္းေကာင္း ထိခိုက္ေစႏိုင္သည္။

ရိတ္သိမ္းနည္း

ရာသီႏွင့္ ေရေျမျပဳျပင္မႈတို႔ကို လိုက္၍ စိုက္ၿပီး (၃)လ အၾကာတြင္ စတင္၍ ပန္းပြင့္သည္။ စိုက္ခင္း၏ တ၀က္ခန္႔ပန္းပြင့္သည့္အခါ၌ ရိတ္သိမ္းရသည္။ ၄င္းအခ်ိန္သည္ ဆီထြက္ႏႈန္း အေကာင္းဆံုးျဖစ္သည္။ အပင္မ်ားကို ရိတ္သိမ္းရာတြင္ ေျမမွ (၄) လက္မခန္႔ ခြာ၍ ဓား သို႔မဟုတ္ တံစဥ္ျဖင့္တိတိရိတ္ျဖတ္ယူရသည္။ သို႔မွသာ ငုတ္မွ အပင္ျပန္၍ အတက္ျမန္သည္။ ရိတ္ၿပီးအပင္မ်ားကို အရိပ္ေကာင္းေကာင္းတြင္ ျဖန္႔၍ ေလသလပ္ေစၿပီး အေျခာက္ခံရသည္။ ေနတြင္ အေျခာက္ခံပါက ဆီထြက္ႏႈန္းႏွင့္ အရည္အေသြးကို ညံ့ဖ်င္းထိခိုက္ေစသည္။ (၂) ရက္ ခန္႔ အေျခာက္ခံပါက အစိုဓာတ္ (၁၀%) မွ်သာ ရွိေသာ အရြက္မ်ားမွာ ဆီထုတ္ရန္ အသင့္ေလ်ာ္ဆံုး အေျခအေနျဖစ္သည္။ ရိတ္သိမ္းၿပီး အရြယ္မ်ားကို ျခင္းထဲတြင္ ငွက္ေပ်ာရြက္ခံ၍ သယ္ယူၿပီး အရိပ္တြင္ ျဖန္႔၍ ညွိဳးႏြမ္းေစသည္။

ပင္ငုတ္မ်ားကိုဆက္လက္ျပဳစုျခင္း

ပထမအႀကိမ္အရြက္မ်ားကို ျဖတ္ယူၿပီး က်န္ရွိေနေသာ အပင္ငုတ္မ်ားကို ကိုင္းျဖတ္အသစ္မ်ားစတင္စိုက္ပ်ိဳးသည့္ နည္းအတိုင္း ေရေလာင္းျခင္း၊ ေပါင္းတင္ျခင္း၊ ေျမၾသဇာေကၽြးျခင္း ႏွင့္ ေျမေဆြးထည့္ေပးျခင္း မ်ား ျပဳလုပ္ရသည္။ ရိတ္သိမ္းရာတြင္ ပင္သစ္ စိုက္ခင္းအတိုင္း ရိတ္သိမ္းရသည္။

ဆီေမႊးထုတ္ယူျခင္း

ဆီေမႊးထုတ္ယူပံုမွာ ေရေႏြးေငြ႕ ျဖင့္္ ေပါင္းတင္ျခင္းပင္ျဖစ္သည္။ အေျခခံသေဘာတရားမွာ မင္သာရြက္မ်ားကို ေပါင္းအိုးတြင္ ထည့္၍ ေရေႏြးေငြ႔ျဖင့္ ေပါင္းတင္ျခင္းျဖင့္ အရြက္အတြင္းရွိ ဆီေမႊးမ်ား ေရေႏြးေငြ႔တြင္ ပါလာသည္။ ၄င္းအေငြ႔မ်ားကို ေရျဖင့္ေအးျမေနေစေသာ ပိုက္မွ ျဖတ္သန္းေစျခင္းျဖင့္ အေငြ႕မွ အရည္အသြင္သို႔ ေျပာင္းလဲသည္။ အရည္ျဖစ္လာေသာ အခါ ဆီေမႊးသည္ ေရတြင္ ေပ်ာ္၀င္မႈနည္းသျဖင့္ ေရ ႏွင့္ ဆီေမႊးခြဲျခားသြားၿပီး ဆီအပိုင္းကို စုေဆာင္းရရွိႏိုင္သည္။

အထြက္ႏႈန္း

အထြက္ႏႈန္းမွာ တဧကလွ်င္ အရြက္ေပါင္ခ်ိန္ (၁၂၀၀၀) မွ (၁၅၀၀၀) ထိ ထြက္သည္။ အရြက္စိုေပါင္ (၁၀၀) မွ မင္သာဆီ (၀.၃၄) ေပါင္ ထုတ္ယူႏိုင္သည္။ တစ္ဧကလွ်င္ အဆီေပါင္ခ်ိန္ (၃၀) မွ (၄၀) ခန္႔ ထိ ထြက္သည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

မင်သာ အကြောင်းသိကောင်းစရာ
=========================
မြန်မာအမည် – ပရုပ်အေး
အင်္ဂလိပ်အမည် – MINT
ရုက္ခဗေဒအမည် – MENTHA ARVENSIS LINN
မျိုးရင်း – LABIATAE
အမျိုးအစား
မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အခြားမျိုးများမှာ
၁။ MENTHA PIPERITA
၂။ M. JAVANICA
၃။ M.AYONAMI တို့ ဖြစ်ပါသည်။
ပုံသဏ္ဍာန်
ပင်ငယ်မျိုးဖြစ်သည်။ (၁) ပေမှ (၁ ၁/၂) ပေ ထိမြင့်သည်။ ပူတီနာပင် နှင့်တူသည်။ အကိုင်းအခတ်ရှိ အဆစ်များမှ အမြစ်များ ထွက်၍ မြေကြီးပေါ်တွင်လည်း တွားသွား ပြန့်ပွားနိုင်သည်။ ပင်စည် လေးထောင့်ပုံရှိသည်။ အကိုင်းများ ခရမ်းရောင်သန်းသည်။ အမွှေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အနံ့ အလွန်ထင်ရှားသည်။ အရက်မှာ (၂)ရွက် စီ ရွက်ဆိုင် အလှည့်ကျထွက်သည်။ အချို့ အမျိုးသည် ပူတီနာအရွက်နှင့်တူသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသို့ သွယ်သွားသည်။ ရွက်နားတွင် ခွေးသွားစိတ် ကျဲကျဲရှိသည်။ အပွင့်သည် ပင်စည်နှင့် အရွက်ကြား (အဆစ်နေရာ) မှ ပတ်လည် ထွက်သည်။ ပန်းပွင့် အလွန်သေးငယ်ပြီး အမွှေးနုများရှိသည်။
စိုက်ပျိုးသည့်ဒေသ
ပူတီနာပင် ကောင်းစွာ ဖြစ်ထွန်းသည့် တောင်ကြီး၊ ဗန်းမော်၊ မေမြို့ နှင့် မိုးကုတ်စသည် မြို့များ အနီး စိမ့်စမ်းကောင်းသည့် ဒေသများ မိုးများသောဒေသများတွင် ပြုစုမှုကို လိုက်၍ စိုက်ပျိုးဖြစ်ထွန်းသည်ကို တွေ့ရသည်။
ရာသီဥတု
အအေးပိုင်းဒေသ ရာသီဥတုကို ပိုမို ကြိုက်နှစ်သက်သော်လည်း ဆီးနှင်းဒဏ်ကို ခံနိုင်စွမ်းမရှိပေ။ မင်သာသည် ရေနစ်မြုပ်သည့် ဒဏ်ကို လည်း ခံနိုင်ရည် မရှိပေ။
မြေအမျိုးအစား
ရေလွယ်ကူစွာရရှိနိုင်ပါက မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သဲနုန်းမြေတွင် အကောင်းဆုံး စိုက်ပျိုး ဖြစ်ထွန်းသည်။ သဲမြေ နှင့် မြေစေးများတွင် သဘာဝမြေသြဇာထည့်၍ ပြုပြင်ပြီး စိုက်ပျိုးနိုင်သော်လည်း ရေဝပ်ခြင်းကင်းသော နေရာများကို ရွေးချယ်စိုက်ပျိုးသင့်သည်။
မြေပြုပြင်ခြင်း
အကိုင်းဖြတ် စိုက်ပျိုးရသည့် အပင်မျိုး ဖြစ်သောကြောင့် မြေကို ကောင်းစွာ ညက်အောင်ပြုပြင်ပေးရသည်။ မစိုက်မီ တလခန့် ကြိုတင်၍ စိုက်ဘောင်များကို အောက်ခြေ အနံ (၅) ပေ၊ အပေါ်မျက်နှာပြင် အနံ (၄) ပေ အမြင့် (၆) လက်မ ခန့် နှင့် အလျား သင့်လျော်သလို ပြုလုပ်ပေးရသည်။ တဘောင် နှင့် တဘောင် (၂) ပေခန့်ခွာထားရသည်။ ဘောင်များကို ပေါင်းမြက်များကင်းစင်အောင် ပြုပြင်၍ မြေပြုပြင်ချိန်တွင် နွားချေးဆွေး အမှုန့်ကို မြေအခြေအနေအလိုက် အလျား (၂၅) ပေလျှင် (၅) တင်းနှုန်းချပေးသင့်သည်။ နွားချေးဆွေး ချပေးခြင်းမှာ မြေပွစေရန် အတွက်သာ ဖြစ်သည်။ မြေပြုပြင်စဉ် မြေသြဇာ ဖြည့်တင်းရန်မလိုချေ။
စိုက်ပျိုးနည်း
ဆောင်းတွင်းတွင် စိုက်ပျိုးနိုင်သော်လည်း စိုက်ပျိုးရန် အကောင်းဆုံး အချိန်မှာ မိုးဦးကျရာသီဖြစ်သည်။ မြေလျောက်ပင်စည်များကို (၄) လက်မ မှ (၅) လက်မခန့် အပိုင်းလေးများ ဖြတ်တောက်ယူ၍ အသင့် ပြုပြင်ထားသော မြေဘောင်ပေါ်တွင် (၉) လက်မစီခွာပြီး အတန်းလိုက်စိုက်ပျိုးရသည်။ အပိုင်းပြတ်တွင် ပါသော အဆစ် (၂) ဆစ်မှ (၃) ဆစ်ကို မြေတွင် မြုပ်ထားရမည်။
မြေသြဇာကျွေးခြင်း
အကိုင်းများ ဖြတ်စိုက်ပြီး (၂) ပတ်မှ (၃) ပတ် အကြာတွင် အညွှန့်လေးများ ကောင်းစွာ ထွက်လာမည်။ ၎င်းအချိန်၌ ဓာတ်မြေသြဇာနှင့် နွားချေးမှုန့်များကို ညီညာစွာ ထည့်ပေးရသည်။ အလျား (၂၀)ပေ ဘောင်အတွက် ယူရီးယား နို့ဆီတဘူး နှင့် နွားချေးဆွေးမှုန့် (၃) တင်းခန့် ထည့်ပေးရန် လိုသည်။ ဤကဲ့သို့ မြေသြဇာ ဖြည့်ပေးချိန်တွင် ရေကိုနိုင်နိုင်လောင်းပေးရသည်။ အပင်အခြေအနေကိုကြည့်၍ မြေသြဇာကို လိုအပ်သလို ဖြည့်ပေးနိုင်သည်။
မျိုးပွားနည်း
အဆစ်တွင် အမြစ်ပါသော မျိုးကိုင်းများကို ဖြတ်တောက်စိုက်ပျိုးနိုင်သည်။
အပင်ငယ်များပြုပြင်နည်း
မင်သာပင်သည် ရေကြိုက်သော အပင်ဖြစ်သဖြင့် ရာသီဥတု အခြေအနေကို ကြည့်၍ ရေလုံလောက်စွာ လောင်းပေးရန်လိုသည်။ ဘောင်ပေါ်တွင် ပေါင်းမြက်များ အမြဲကင်းစင်နေအောင်ပြုလုပ်ပေးရမည်။ ၎င်းပေါ်မြက်များသည် ဆီမွှေး ထုတ်လုပ်ရာတွင် လည်းကောင်း၊ ဆီးမွှေးအရည်အသွေးနှင့် အနံ့ကိုလည်းကောင်း ထိခိုက်စေနိုင်သည်။
ရိတ်သိမ်းနည်း
ရာသီနှင့် ရေမြေပြုပြင်မှုတို့ကို လိုက်၍ စိုက်ပြီး (၃)လ အကြာတွင် စတင်၍ ပန်းပွင့်သည်။ စိုက်ခင်း၏ တဝက်ခန့်ပန်းပွင့်သည့်အခါ၌ ရိတ်သိမ်းရသည်။ ၎င်းအချိန်သည် ဆီထွက်နှုန်း အကောင်းဆုံးဖြစ်သည်။ အပင်များကို ရိတ်သိမ်းရာတွင် မြေမှ (၄) လက်မခန့် ခွာ၍ ဓား သို့မဟုတ် တံစဉ်ဖြင့်တိတိရိတ်ဖြတ်ယူရသည်။ သို့မှသာ ငုတ်မှ အပင်ပြန်၍ အတက်မြန်သည်။ ရိတ်ပြီးအပင်များကို အရိပ်ကောင်းကောင်းတွင် ဖြန့်၍ လေသလပ်စေပြီး အခြောက်ခံရသည်။ နေတွင် အခြောက်ခံပါက ဆီထွက်နှုန်းနှင့် အရည်အသွေးကို ညံ့ဖျင်းထိခိုက်စေသည်။ (၂) ရက် ခန့် အခြောက်ခံပါက အစိုဓာတ် (၁၀%) မျှသာ ရှိသော အရွက်များမှာ ဆီထုတ်ရန် အသင့်လျော်ဆုံး အခြေအနေဖြစ်သည်။ ရိတ်သိမ်းပြီး အရွယ်များကို ခြင်းထဲတွင် ငှက်ပျောရွက်ခံ၍ သယ်ယူပြီး အရိပ်တွင် ဖြန့်၍ ညှိုးနွမ်းစေသည်။
ပင်ငုတ်များကိုဆက်လက်ပြုစုခြင်း
ပထမအကြိမ်အရွက်များကို ဖြတ်ယူပြီး ကျန်ရှိနေသော အပင်ငုတ်များကို ကိုင်းဖြတ်အသစ်များစတင်စိုက်ပျိုးသည့် နည်းအတိုင်း ရေလောင်းခြင်း၊ ပေါင်းတင်ခြင်း၊ မြေသြဇာကျွေးခြင်း နှင့် မြေဆွေးထည့်ပေးခြင်း များ ပြုလုပ်ရသည်။ ရိတ်သိမ်းရာတွင် ပင်သစ် စိုက်ခင်းအတိုင်း ရိတ်သိမ်းရသည်။
ဆီမွှေးထုတ်ယူခြင်း
ဆီမွှေးထုတ်ယူပုံမှာ ရေနွေးငွေ့ ဖြင့်် ပေါင်းတင်ခြင်းပင်ဖြစ်သည်။ အခြေခံသဘောတရားမှာ မင်သာရွက်များကို ပေါင်းအိုးတွင် ထည့်၍ ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းဖြင့် အရွက်အတွင်းရှိ ဆီမွှေးများ ရေနွေးငွေ့တွင် ပါလာသည်။ ၎င်းအငွေ့များကို ရေဖြင့်အေးမြနေစေသော ပိုက်မှ ဖြတ်သန်းစေခြင်းဖြင့် အငွေ့မှ အရည်အသွင်သို့ ပြောင်းလဲသည်။ အရည်ဖြစ်လာသော အခါ ဆီမွှေးသည် ရေတွင် ပျော်ဝင်မှုနည်းသဖြင့် ရေ နှင့် ဆီမွှေးခွဲခြားသွားပြီး ဆီအပိုင်းကို စုဆောင်းရရှိနိုင်သည်။
အထွက်နှုန်း
အထွက်နှုန်းမှာ တဧကလျှင် အရွက်ပေါင်ချိန် (၁၂၀၀၀) မှ (၁၅၀၀၀) ထိ ထွက်သည်။ အရွက်စိုပေါင် (၁၀၀) မှ မင်သာဆီ (ဝ.၃၄) ပေါင် ထုတ်ယူနိုင်သည်။ တစ်ဧကလျှင် အဆီပေါင်ချိန် (၃၀) မှ (၄၀) ခန့် ထိ ထွက်သည်။





Leave a Reply

Your email address will not be published. Required fields are marked *