BREAKING NEWS







(Unicode ဖြင့်ဖတ်ရန်)

=====================

မြန်မာ့ဝါးကိုပြည်ပနိုင်ငံများကို တင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်နေ
မြန်မာ့ဝါးကို ပြည်ပနိုင်ငံများရဲ့ဈေးကွက်များကိုတင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဝါးစိုက် ပျိုးရေးအသင်းမှ သိရပါတယ်။
မြန်မာ့ဝါးကို အခြားပြည်ပဈေးကွက်နိုင်ငံများကိုတင်ပို့နိုင်ရန်အတွက်ဧကများတိုးချဲ့စိုက်ပျိုးကာ တင် ပို့နိုင်ရန်စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဌဦးဝင်းကျော်ဦး ကပြောပါတယ်။
“ ဝါးကိုပြည်ပနိုင်ငံတွေက လာရောက်ဝယ်ယူတာရှိပါတယ်။ဒါပေမယ့်ကိုယ် နိုင်ငံရဲ့ ရောင်းလိုအားက သူတို့မှာတဲ့တန်ချိန်လောက်မရနိုင်ဘူး။အဲတော့ ကိုယ့်တွေကသူတို့မှာတဲ့တန်ချိန်အတွက်ဧကများ များစိုက်ထုတ်ပေးဖို့လိုတယ်”
မြန်မာ့ဝါးကိုပြည်ပနိုင်ငံများရဲ့ဈေးကွက်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ပါတင်ပို့နိုင်ရန်စီစဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းအဆိုပါအသင်းမှသိရပါတယ်။
ယခုလအတွင်းမြန်မာ့ဝါးကို ပြည်ပနိုင်ငံများမှဝယ်ယူရန် လာရောက်ဆွေးနွေးညှိနှိုင်းမှုများရှိနေ ကြောင်းလည်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *