BREAKING NEWS



ဝါးများကိုပြန်လည်အဆင့်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ကာသင်တန်း ဖွင့်လှစ်တာဖြစ်ေ ကြာင်း မြန် မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဌ ဦးဝင်းကျော်ဦးကပြောပါတယ်။




(Unicode ဖြင့်ဖတ်ရန်)

================

ဝါးမီးသွေးဖုတ်နည်းသင်တန်းဖွင့်လှစ်သွားမည်
ယခုလအတွင်းဝါးမီးသွေးဖုတ်နည်းသင်တန်းကိုဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေး အသင်းမှသိရပါတယ်။
ဝါးများကိုပြန်လည်အဆင့်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ကာသင်တန်းဖွင့်လှစ်တာဖြစ်ကြောင်း မြန် မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဌ ဦးဝင်းကျော်ဦးကပြောပါတယ်။
“ ဝါးတွေကိုမလွှင့်ပစ်တော့ပဲနဲ့ ပြန်လည်ပြီးတော့ အဆင့်မြှင့်တင်တဲ့အနေနဲ့ ဝါးမီးသွေးဖုတ်နည်း သင်တန်းကိုရည်ရွယ်ဖွင့်လှစ်ဖြစ်တာပါ။ အရင်ကဆို ဝါးတွေကိုခုတ်ထွင်ရှင်းလင်းဖြစ်တာများတယ်။ အခုတော့ခုတ်ထွင်မယ့် ပြန်လည်အဆင့်မြှင့်တင်တဲ့အနေနဲ့ပြည်တွင်းဈေးကွက်ထဲမှာရောင်းချသွား မှာပါ”
အဆိုပါဝါးမီးဖုတ်နည်းသင်တန်းအတွက် စက်ပစ္စည်းများကို ပြည်ပနိုင်ငံများမှာကူညီထောက်ပံ့ပေး တာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
အဆိုပါသင်တန်းကို အောက်တိုဘာလ(၂၅)ရက်နေ့မှာသင်ကြားသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများအ နေနဲ့ ဖုန်းနံပါတ် ၀၉- ၂၅၀၁၆၀၉၂၅ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုး ရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *